အလုပ်အကိုင်အခွင့်အလမ်းနှင့် စေတနာ့ဝန်ထမ်း
မြန်မာနိုင်ငံတွင် စိတ်လှုပ်ရှားဖွယ် ဖန်တီးမှုများကို တက်ကြွစွာ ဆောင်ရွက်နေသော အဖွဲ့အစည်း၌ ယခုချက်ချင်း သင် ပူးပေါင်းပါဝင်လိုပါသလား။
Open Development Myanmar သည် မြန်မာနိုင်ငံ၏ စိတ်ချယုံကြည်ရသော အချက်အလက်စနစ် တည် ထောင်ရာတွင် ဦးဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ တက်ကြွသောအဖွဲ့အတွင်း ခေါ်ဆိုမည့် ရာထူးနေရာများကို ဤနေရာ၌ ကြည့်ရှုနိုင်ပါသည်။
စေတနာ့ဝန်ထမ်းများ
Open Development Myanmar အတွက် ကူညီပေးနိုင်မည့် စေတနာ့ ဝန်ထမ်းများကို ရှာဖွေလျက်ရှိပါသည်။ အောက်ပါလုပ်ငန်းနယ်ပယ်များတွင် စိတ်ပါဝင်စားကာ သင့်လျော်သောအရည်အချင်းရှိသည့် စေတနာ့ဝန်ထမ်း သို့မဟုတ် အလုပ်သင်များကိုလည်း လက်ခံပါသည်။
အခမဲ့ရယူအသုံးပြုနိုင်သော အချက်အလက်များ၊
သတင်းအချက်အလက်နည်းပညာနှင့် သတင်းအချက်အလက်များအား အခမဲ့ ရယူအသုံးပြုနိုင်မည့်စနစ် တည်ဆောက်ခြင်း၊
စာပေစိစစ်ခြင်းနှင့် ဘာသာပြန်ဆိုခြင်း၊
သက်ဆိုင်ရာ အကြောင်းအရာနယ်ပယ်များတွင် သုတေသနပြုခြင်း၊
မြေပုံရေးဆွဲခြင်းနှင့် ဝက်ဘ်ဆိုဒ် ဒီဇိုင်းရေးဆွဲခြင်း၊
လူထုသတင်းဌာနနှင့် ဆက်သွယ်ရေးလုပ်ငန်းများ။
Open Development Myanmar အတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်ရန် စိတ်ပါဝင်စားပါက အပေါ်စာနှင့်တကွ ကိုယ်ရေးရာဇဝင်ကို recruitment@ewmi-odi.org သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ အပေါ်စာတွင် စိတ်ပါဝင်စားသည့်လုပ်ငန်းနယ်ပယ်၊ စေတနာ့ဝန်ထမ်း အတွေ့အ ကြုံကို ရှာဖွေရသည့်ရည်ရွယ်ချက်နှင့် လုပ်ငန်းစတင်ဆောင်ရွက်နိုင်မည့်ရက်အား ဖော်ပြပါရှိရပါမည်။
OD Myanmar အကြောင်းနှင့် ဆောင်ရွက်မှုလုပ်ငန်းများကို ပိုမိုသိရှိလိုပါက facebook.com/opendevmm | twitter.com/opendevmm | opendevelopmentmyanmar.net တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။