စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း
ငါးများအား လှည့်လည်ရောင်းချပေးရန် အစိုးရ စီစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူစားသုံးရန် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဈေးနှုန်းသက်သာသော ငါးများကို အအေးခန်းကားများဖြင့် လှည့်လည်ရောင်းချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း မေလ၉ရက်နေ့တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။Keep reading ...
မုတ်သုံ ကောက်ပဲသီးနှံ ၅ မျိုး ကရင်ပြည်နယ်တွင် စိုက်ပျိုးမည်
ကရင်ပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြည်နယ်တွင်းတွင် မုတ်သုံကောက်ပဲသီးနှံ ငါးမျိုး စိုက်ပျိုးရန် လျာထားကြောင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးရေး စီမံကိန်းများ ခန့်မှန့်ချက်အရ သိရသည်။Keep reading ...
ရခိုင်ပြည်နယ် မှ ပဲ တန် တစ်သောင်း အိန္ဒိယ သို့ တင်ပို့ရန် စီစဉ်
ရခိုင်ပြည်နယ်မှ ထွက်သော ပဲမျိုးစုံ မက်ထရစ် တန်ချိန် တစ်သောင်းကို ယခု ဘဏ္ဍာနှစ် အတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့သွားရန် ရှိကြောင်း သိရသည်။ ထိုပဲများကို ရန်ကုန်ဆိပ်ကမ်းမှ မဟုတ်ဘဲ စစ်တွေဆိပ်ကမ်းမှ တိုက်ရိုက် ပို့လိုကြောင်း ပြည်နယ်အစိုးရ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကပြောသည်။Keep reading ...
စိုက်ပျိုးရေး ထုတ်ကုန် ပြည်ပသို့ တင်ပို့မှု ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၃၁၅ သန်းမြင့်တက်
အစိုးရအသစ်လက်ထက်တွင် ပြည်ပသို့စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၃ ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ်ကထက် အမေရိကန် ဒေါ်လာ ၃၁၅မီလီယံ မြင့်တက်လာခဲ့ကြောင်း အစိုးရအသစ်၏ စာရင်းများ အရ သိရ သည်။Keep reading ...
မြန်မာနိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့ စိုက်ပျိုးရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည်
မြန်မာနိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့မှ အထွက်နှုန်းကောင်းသည့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ပရိုဂရမ် အောက်ရှိ သီးနှံ မျိုးစေ့များ ဖွံ့ဖြိုး တိုးတက်စေရန် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ပြည်တွင်း မီဒီယာများ တွင် ဖေါ်ပြထားသည်။Keep reading (English) ...
KOICA ရန်ပုံငွေ စိုက်ပျိုးရေး လေ့ကျင့်ရေးကြောင်း ဖွင့်လှစ်
နေပြည်တော် ဇေယျာသီရိ မြို့နယ် ရှိ ရဲဇင် တက္ကသိုလ် နယ်မြေ အတွင်းတွင် စက်မှုလယ်ယာ စိုက်ပျိုးရေး (ရဲဇင်) လေ့ကျင့်ရေး သင်တန်းကြောင်း အား မတ်လ ၃ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းအရ သိရသည်။Keep reading (English) ...
ရေရှည် တည်တန့် ခိုင်မြဲသည့် ငါးဖမ်းလုပ်ငန်း ဖြစ်ရန် အစိုးရမှ မြှင့်တင်
ရေရှည် တည်တံ့ ခိုင်မြဲသည့် ကမ်းရိုးတန်း ငါးဖမ်း လုပ်ငန်း စီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် ဒိန်းမတ် နိုင်ငံတို့ မှ လုပ်ကိုင်လျှက် ရှိသည့် ကမ်းရိုးတန်း ငါးအရင်းအမြစ်များ ကို ထိန်းသိမ်း စောင့်ရှောက်ရန် ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လက်ထောက် အမြဲတမ်း အတွင်းရေးမှူး ဦးထွန်းလွင်မှ ပြောသည်။Keep reading ...
သီးနှံစိုက်ပျိုးသူထုတ်လုပ်သူများမှ အစိုးရအနေဖြင့် ရန်ကုန်တွင် ရုံးပိတ်ရက် လက်ကားဈေးကွက် တစ်ခု တည်ဆောက်ပေးရန် တောင်းဆို
Yangon Agricultural Master Plan တွင် သီးနှံစိုက်ပျိုးသူများ ကိုယ်တိုင်လာရောက် ရောင်းချနိုင်မည့် ဈေးများကို ရန်ကုန်မြို့၏ အထင်ကရနေရာများတွင် သတ်မှတ်ဖွင့်လှစ်ပေးရန် ဆိုသည့်အချက်ကို ထည့်သွင်းရေးဆွဲ အတည်ပြုပေးရန် အကြံပြုထားသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်း အလုပ်အမှုဆောင် ဦးတင်အောင်က ပြောသည်။Keep reading ...
ဆည် တည်ဆောက်ရေး စီမံကိန်းများ ရပ်တန့်ရန် တောင်းဆို
ရွာသူရွာသား ၄၀၀ ခန့်မှ ယင်းတို့၏ နေအိမ်များနှင့် မြေယာများ ရေနစ်မြှပ်သွားစေမည့် ဆည် တည်ဆောက်ရေး အား ဆန္ဒပြရန် ပြီးခဲ့သည့် အပတ် က ရှမ်းပြည်နယ်၊ သီပေါမြို့နယ် ရှိ နမ္မတူ မြစ်ကမ်းများပေါ်တွင် စုရုံးခဲ့ကြသည်။Keep reading (English) ...
တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းများ အတွက် အလုပ်သမား များ စေလွှတ်မည်
မြန်မာနိုင်ငံအနေဖြင့် အလုပ်သမား လိုအပ်ချက် ရှိနေသည့် တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းများအတွက် အလုပ်သမား များ စေလွှတ်သွားရန် စီစဉ်လျှက် ရှိကြောင်း အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက်ရှိ ရွှေ့ပြောင်း နေထိုင်မှု ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမူး ဦးသိန်းဝင်း မှ ပြောသည်။Keep reading (English) ...