စီးပွါးရေးနှင့် ကုန်သွယ်ရေး

မြန်မာနှင့် အရှေ့အလယ်ပိုင်း ဒေသ ကုန်သွယ်မှုမှာ ဇန်နဝါရီလမှ ပြီးခဲ့သည့် ၁၀ လ အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိခဲ့

မြန်မာနိုင်ငံနှင့် အရှေ့အလယ်ပိုင်း တိုင်းပြည်များ ၏ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမ ၁၀ လ တွင် အမေရိကန် ဒေါ်လာ ၃၃၃.၈၇၄ သန်း ရှိကြောင်း တနင်္ဂနွေ နေ့က အစိုးရ မီဒီယာများတွင် ဖော်ပြထားသည်။Keep reading ...

စီးပွားရေး ပေါ်လစီ သစ်များ၊ ဦးစားပေး လုပ်ဆောင်စရာများနှင့် ၂၀၁၇-၁၈ ဘဏ္ဍရေး နှစ်ဦး

မြန်မာနိုင်ငံအတွက် ဥပဒေ သစ်များနှင့် စီးပွားရေး မူဝါဒများအား စတင်မည့် ဘဏ္ဍာရေး နှစ်သစ် သည် လာမည့် ဧပြီ (၁) တွင် စတင်မည် ဖြစ်သည်။ မကြာ မီက ပြဌာန်းခဲ့သည့် မြန်မာရင်းနှီးမြှပ်နှံမှု ဥပဒေသစ် သည် ဧပြီလ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ပြီး အဆိုပါဥပဒေ ၏ အကောင်အထည် ဖော်မှုနှင့် အတည်ပြုချက်များသည် နိုင်ငံ၏ စီးပွားရေး နှင့် ရင်းနှီးမြှပ်နှံ သူတို့ အတွက် အပြောင်းအလဲများ ဖြစ်လာမည် ဖြစ်သည်။Keep reading (English)  ...

အမေရိကန်ဒေါ်လာငါးသန်း အောက် ရင်းနှီးမြှပ်နှံမှု များကို တိုင်းနှင့်ပြည်နယ် အဆင့်မှ ခွဲဝေပေးနိုင်ခွင့် အတည်ပြုချက်ရရှိ

အမေရိကန်ဒေါ်လာငါးသန်း(သို့) မြန်မာငွေသန်း၆ဝဝ၀  အောက်ရင်းနှီးမြှုပ်နှံမှုများကိုတိုင်းနှင့်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှခွင့်ပြုမိန့်ခွဲဝေပေးနိုင်ခြင်းအတည်ပြုချက်အမိန့်ကြော်ငြာစာကိုမတ်လ၈ရက်တွင်  MIC မှထုတ်ပြန်လိုက်သည်။Keep reading ...

မြန်မာ- ထိုင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၂၀၀ တိုးမြင့်

မြန်မာနှင့်ထိုင်း တို့၏ နှစ်နိုင်ငံကုန်သွယ်မှုသည် ပြီးခဲ့သော ဘဏ္ဍာရေးနှစ်ကာလတူနှိုင်းယှဉ်ချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မတ်လ၃ရက် အထိ အမေရိကန်ဒေါ်လာ ၂ဝဝမီလီယံ အထိတိုးမြှင့်ခဲ့ကြောင်း  သိရသည်။ Keep reading  ...

စီးပွားရေး ပိတ်ဆို့မူ ပယ်ဖျက်လိုက်ခြင်းက သူ၏ ဂုဏ်သိက္ခာ ကို ပြန်လည် အဖတ်ဆယ် လိုက်ခြင်းဖြစ်သည်ဟု ယခင် အမည်ပျက် စာရင်းဝင် စီးပွားရေး လုပ်ငန်းရှင်ကြီးပြော

အမေရိကန်နိုင်ငံမှ သူ့အပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုများကို ပယ်ဖျက်ပေးလိုက်သည့်အတွက် နိုင်ငံခြား ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ခွင့်ရလာခြင်းသည် အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဖြစ်သည်ဟု မက်စ်မြန်မာ၏ ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားလိုက်သည်။Keep reading ...

ပုဂ္ဂလိက ကဏ္ဍ ကုန်သွယ်မှုပမာဏ မြင့်တက်လာရာ စုစုပေါင်း ကုန်သွယ်မှု ၂၅ဘီလီယံ ကျော် ရောက်ရှိ

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ကဏ္ဍ၏ ကုန်သွယ်မှုပမာဏများမှာ မြင့်တက်လာပြီး လက်ရှိတွင် ကုန်သွယ်မှု ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ဘီလီယံ ကျော်ရောက်ရှိနေပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က မတ်လ ၁၃ရက်တွင် UMFCCI တွင်ပြုလုပ်သည့် ဆန်စပါး ကဏ္ဍကုန်သွယ်မူ တိုးတက်ရေး သင်တန်းဆင်းပွဲ တွင် ပြောသည်။“အခုကုန်သွယ်မှုကအရင်နှစ်ထက်မြင့်တက်လာတယ်။အထူးသဖြင့်ပုဂ္ဂလိကကဏ္ဍပို့ကုန်၊သွင်းကုန်ပိုင်းမှာတက်လာတာ။အခုဆိုရင်ယခင်နှစ်ထက်အမေရိကန်ဒေါ်လာ၃ဒသမ၆ဘီလီယံနီးပါးတိုးတက်လာတယ်”ဟု၎င်းကပြောသည်။Keep reading ...

စီးပွားရေး ဇုန်အသစ်များ ချဲ့ထွင်ရန်စီစဉ်

လက်ရှိ စက်မှုဇုန်များ၏ အရည်အသွေးမှာ သာမာန်သာ ရှိပြီး အဆင့်မြှင့်တင်ရန် ခက်ခဲမည် ဖြစ်သဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အနေဖြင့် စီးပွားရေးဇုန် အသစ်များနှင့် အထူးစီးပွားရေးဇုန်များ ချဲ့ထွင်ရန် စီစဉ်လျှက်ရှိကြောင်း မတ်လ (၂၀) ရက်နေ့ ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။Keep reading (English) ...

ပြည်တွင်း စီးပွားရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံ မှ ချေးငွေ ကျပ် ၁၅ ဘီလီယံ မြန်မာ ရရှိ

လာမည့်၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းရှိ အသေးစား နှင့် အလတ်စား စက်မှုလက်မူလုပ်ငန်း(SME)များကို ကျပ်၁၅ဘီလီယံ ထုတ်ချေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက UMFCCI   တွင်ပြုလုပ်သည့်  ဂျပန် မြန်မာ စီးပွားဆိုင်ရာ ဆွေးနွေးပွဲတွင်ပြောသည်။Keep reading ...

သီလဝါ ဇုံ ဘီ သို့ ချဲ့ထွင်

သီလဝါ အထူး စီးပွားရေးဇုန် အား အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကျော်ရင်းနှီးမြှပ်နှံမူ အပါအဝင် ဇုန် ဘီ သို့ ထပ်မံ ချဲ့ထွင်သွားမည် ဖြစ်ပြီး အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းအား ၂၀၁၈ ခုနှစ် နှစ်လယ် ပိုင်းတွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲ့မူ ဥက္ကဌ ဦးဆက်အောင် က မီဒီယာများသို့ ပြောသည်။Keep reading (English) ...

ပို့ကုန်များအား သတ်မှတ်ထားသည့် ကုန်သွယ်မူ ပမာဏ သို့ ရောက်ရန် ဦးစားပေး ဆောင်ရွက်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်းဇယားများအရ ယခုနှစ် ဘဏ္ဍာနှစ် ဇန်နဝါရီ လကုန်အထိ ကုန်သွယ်မူ ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ အထိရှိခဲ့ကြောင်း သိရသည်။ ဝန်ကြီး ဌာနမှ ကုန်သွယ်မူ ပမာဏအား အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ သတ်မှတ်ခဲ့ရာ လာမည့် နှစ်လ ကျော်အတွင်း သတ်မှတ်ထားသည့် ပမာဏ သို့ ရောက်ရှိရန် ဆက်လက် ကြိုးစား သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းရေးမူး ဦးခင်မောင်လွင် က ပြောသည်။Keep reading ...

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

XLjjg
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!