စွမ်းအင်
ရခိုင်ပြည်နယ်ရှိ သူဌေးချောင်း လျှပ်စစ်ဓါတ်အားပေးဆည် ၅၀% ခန့် ပြီးစီး
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဘီလီယံ ကျပ် သုံးရာ ကျော် အကုန်အကျခံ ကာ တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းမှာ ယခုအခါ ရာခိုင်နှုန်း ထက်ဝက်နီးပါး ပြီးစီးကာ လာမည့်နှစ် အနည်းငယ်အတွင်း ရခိုင်ပြည်နယ် အပါအဝင် လျှပ်စစ်မီး အပြည့်အဝရရှိရန် လိုအပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။Keep reading ...
အစိုးရမှ အရည်အသွေးနိမ့် စက်သုံးဆီများကို အရေးယူနိုင်ရန် သီလဝါ စက်သုံးဆီ ဓါတ်ခွဲခန်းအား ဖွင့်လှစ်သွားမည်
မြန်မာနိုင်ငံ အတွင်းသို့ တင်သွင်းလာသည့် စက်သုံးဆီများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းတစ်ခုကို မြန်မာနိုင်ငံ စက်သုံး ဆီများအသင်း က စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ၂၀၁၇ ခုနှစ် မေလ အတွင်း ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ အသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်ကပြောသည်။Keep reading ...
မြစ်ဆုံဆည်၏ အနာဂတ်မှာ စောင့်ကြည့်ဆဲသာဖြစ်
သမ္မတ ဦးထင်ကျော်၏ ယခုလ အစောပိုင်းက သွားရောက်ခဲ့သည့် တရုတ်နိုင်ငံ ခရီးစဉ်မှာ အောင်မြင်ခဲ့သည်ဟု ဆိုသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ တန်ဘိုးရှိ မြစ်ဆုံ ဆည်၏ ကံ ကြမ္မာမှာ စောင့် ကြည့်ဆဲ အဆင့်သာ ရှိသေးကြောင်း သိရသည်။Keep reading (English) ...
သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း မြစ်ဆုံ ဆည် အကြောင်း ဆွေးနွေးနိုင်ဖွယ်ရှိ
သမ္မတ ဦးထင်ကျော် အနေဖြင့် ယမန်နေ့က စတင်ခဲ့သည့် သူ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံ ဆည် ကိစ္စအား ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း သိရသည်။ Keep reading ...
အစိုးရပိုင် လျှပ်စစ်ဓါတ်အားပေး လုပ်ငန်း နှစ်ခုမှ ကျပ်သန်း ၇၂၂ သန်း ရန်ပုံငွေ ရရှိ
၂၀၁၇ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အသုံးဆိုင်ရာ ဥပဒေ အရ ရန်ကုန်နှင့် မန္တလေး လျှပ်စစ် ကော်ပိုရေးရှင်းနှစ်ခုအတွက် ကျပ်သန်း ၇၂၂ သန်း ခွဲဝေ ရရှိရာ ရန်ကုန်လျှပ်စစ်မီးထောက်ပံ့ရေး ကော်ပိုရေးရှင်း မှ ကျပ်သန်း ၅၂၉ ရရှိမည်ဖြစ်ပြီး ကျန်ငွေ ကျပ်သန်း ၂၄၃ သန်းအား မန္တလေး လျှပ်စစ်မီး ထောက်ပံ့ရေး ကော်ပိုရေးရှင်းမှ ရရှိမည် ဖြစ်သည်။ အဆိုပါ လျှပ်စစ် ဓါတ်အားပေး လုပ်ငန်း နှစ်ခုစလုံးမှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ အစိုးရပိုင် လုပ်ငန်းများ ဖြစ်သည်။Keep reading ...
ဆည် တည်ဆောက်ရေး စီမံကိန်းများ ရပ်တန့်ရန် တောင်းဆို
ရွာသူရွာသား ၄၀၀ ခန့်မှ ယင်းတို့၏ နေအိမ်များနှင့် မြေယာများ ရေနစ်မြှပ်သွားစေမည့် ဆည် တည်ဆောက်ရေး အား ဆန္ဒပြရန် ပြီးခဲ့သည့် အပတ် က ရှမ်းပြည်နယ်၊ သီပေါမြို့နယ် ရှိ နမ္မတူ မြစ်ကမ်းများပေါ်တွင် စုရုံးခဲ့ကြသည်။Keep reading (English) ...
စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ မြန်မာတွင် ဖွင့်လှစ်
လျှပ်စစ်မီး ထုတ်လုပ်ရန် စပါးခွံကို သုံးပြုထားသည့် ဇီဝလောင်စာ ဓါတ်ငွေ့သုံး လျှစ်စစ် ဓါတ်အားပေး စက်ရုံအား မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး အများပိုင် ကော်ပရေးရှင်း (MAPCO) က နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ ဦးချစ်ခိုင်မှ ပြောသည်။Keep reading (English) ...
မြိတ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရန် တောင်ကိုရီးယား ကူညီမည်
မြိတ် အများပိုင် ကော်ပရေးရှင်းမှ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစု မြို့နယ်တွင် ကိုရီးယား နိုင်ငံ အခြေစိုက် KMPI ကုမ္ပဏီ နှင့် ပူးပေါင်းကာ ဓါတ်ငွေ့လောင်စာ ဓါတ်အားပေး စက်ရုံ တည်ဆောက် သွားမည် ဖြစ်ကြောင်း ကြာသပတေး နေ့ကပြုလုပ်သည့် အစုရှယ်ယာ ဝင်များ အစည်းအဝေးတွင် ပြောကြားခဲ့သည်။Keep reading ...
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သူများက အစိုးရအနေဖြင့် မြစ်ဆုံရေကာတာတည်ဆောက်မှုကို ဖျက်သိမ်းပေးရန်တောင်းဆို
ဒေါသထွက် နေကြသော ရွာသူရွာသားများ၊ အစိုးရအဖွဲ့ဝင်များ၊ ကျွမ်းကျင်သူပညာရှင်များနှင့် ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများက ကချင်ပြည်နယ်တွင် အကောင်အထည်ဖော်လျက်ရှိသည့် မြစ်ဆုံရေကာတာ စီမံကိန်း၏ ပြဿနာများကို ဖော်ထုတ်ရန် စုစည်းလာကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို မြန်မာအစိမ်းရောင်ကွန်ယက် (Myanmar Green Network) က စီစဉ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ညွှန်ကြားထားသည့် ကော်မရှင်၏ စီမံကိန်း အစီရင်ခံစာတင်သွင်းရာ၌ သက်ရောက်မှုရှိစေရန် ထုတ်ဖော်ပြောဆိုမှုအချို့ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။Keep reading ...
ဗြိတိန် အစိုးရ က မြန်မာ့ သဘာဝ ဓါတ်ငွေ့ ကဏ္ဌ အား အဆင့် မြင့်တက်စေမည်
ဗြိတိန် အစိုးရ ၏ ထောက်ပံ့မူ့ အစီအစဉ် အရ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္႑ ခေတ်မှီ ဖွ့ံဖြိုးတိုးတက်ပြီး အားကောင်းလာစေရန် ယခုလကုန် ပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ ဗြိတိန် သံရုံးနှင့် Aberdeen International Associates (AIA) တို့ ပူးတွဲပြုလုပ်သည့် သတင်းထုတ်ပြန် ချက်အရ သိရသည်။ Keep reading (English) ...