စွမ်းအင်
လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း
ရခိုင်ပြည်နယ်ရှိ သူဌေးချောင်း လျှပ်စစ်ဓါတ်အားပေးဆည် ၅၀% ခန့် ပြီးစီး
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဘီလီယံ ကျပ် သုံးရာ ကျော် အကုန်အကျခံ ကာ တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းမှာ ယခုအခါ ရာခိုင်နှုန်း ထက်ဝက်နီးပါး ပြီးစီးကာ လာမည့်နှစ် အနည်းငယ်အတွင်း ရခိုင်ပြည်နယ် အပါအဝင် လျှပ်စစ်မီး အပြည့်အဝရရှိရန် လိုအပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။Keep reading ...
မြစ်ဆုံဆည်၏ အနာဂတ်မှာ စောင့်ကြည့်ဆဲသာဖြစ်
သမ္မတ ဦးထင်ကျော်၏ ယခုလ အစောပိုင်းက သွားရောက်ခဲ့သည့် တရုတ်နိုင်ငံ ခရီးစဉ်မှာ အောင်မြင်ခဲ့သည်ဟု ဆိုသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ တန်ဘိုးရှိ မြစ်ဆုံ ဆည်၏ ကံ ကြမ္မာမှာ စောင့် ကြည့်ဆဲ အဆင့်သာ ရှိသေးကြောင်း သိရသည်။Keep reading (English) ...
သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း မြစ်ဆုံ ဆည် အကြောင်း ဆွေးနွေးနိုင်ဖွယ်ရှိ
သမ္မတ ဦးထင်ကျော် အနေဖြင့် ယမန်နေ့က စတင်ခဲ့သည့် သူ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံ ဆည် ကိစ္စအား ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း သိရသည်။ Keep reading ...
အစိုးရပိုင် လျှပ်စစ်ဓါတ်အားပေး လုပ်ငန်း နှစ်ခုမှ ကျပ်သန်း ၇၂၂ သန်း ရန်ပုံငွေ ရရှိ
၂၀၁၇ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အသုံးဆိုင်ရာ ဥပဒေ အရ ရန်ကုန်နှင့် မန္တလေး လျှပ်စစ် ကော်ပိုရေးရှင်းနှစ်ခုအတွက် ကျပ်သန်း ၇၂၂ သန်း ခွဲဝေ ရရှိရာ ရန်ကုန်လျှပ်စစ်မီးထောက်ပံ့ရေး ကော်ပိုရေးရှင်း မှ ကျပ်သန်း ၅၂၉ ရရှိမည်ဖြစ်ပြီး ကျန်ငွေ ကျပ်သန်း ၂၄၃ သန်းအား မန္တလေး လျှပ်စစ်မီး ထောက်ပံ့ရေး ကော်ပိုရေးရှင်းမှ ရရှိမည် ဖြစ်သည်။ အဆိုပါ လျှပ်စစ် ဓါတ်အားပေး လုပ်ငန်း နှစ်ခုစလုံးမှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ အစိုးရပိုင် လုပ်ငန်းများ ဖြစ်သည်။Keep reading ...
ဆည် တည်ဆောက်ရေး စီမံကိန်းများ ရပ်တန့်ရန် တောင်းဆို
ရွာသူရွာသား ၄၀၀ ခန့်မှ ယင်းတို့၏ နေအိမ်များနှင့် မြေယာများ ရေနစ်မြှပ်သွားစေမည့် ဆည် တည်ဆောက်ရေး အား ဆန္ဒပြရန် ပြီးခဲ့သည့် အပတ် က ရှမ်းပြည်နယ်၊ သီပေါမြို့နယ် ရှိ နမ္မတူ မြစ်ကမ်းများပေါ်တွင် စုရုံးခဲ့ကြသည်။Keep reading (English) ...
စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ မြန်မာတွင် ဖွင့်လှစ်
လျှပ်စစ်မီး ထုတ်လုပ်ရန် စပါးခွံကို သုံးပြုထားသည့် ဇီဝလောင်စာ ဓါတ်ငွေ့သုံး လျှစ်စစ် ဓါတ်အားပေး စက်ရုံအား မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး အများပိုင် ကော်ပရေးရှင်း (MAPCO) က နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ ဦးချစ်ခိုင်မှ ပြောသည်။Keep reading (English) ...
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သူများက အစိုးရအနေဖြင့် မြစ်ဆုံရေကာတာတည်ဆောက်မှုကို ဖျက်သိမ်းပေးရန်တောင်းဆို
ဒေါသထွက် နေကြသော ရွာသူရွာသားများ၊ အစိုးရအဖွဲ့ဝင်များ၊ ကျွမ်းကျင်သူပညာရှင်များနှင့် ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများက ကချင်ပြည်နယ်တွင် အကောင်အထည်ဖော်လျက်ရှိသည့် မြစ်ဆုံရေကာတာ စီမံကိန်း၏ ပြဿနာများကို ဖော်ထုတ်ရန် စုစည်းလာကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို မြန်မာအစိမ်းရောင်ကွန်ယက် (Myanmar Green Network) က စီစဉ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ညွှန်ကြားထားသည့် ကော်မရှင်၏ စီမံကိန်း အစီရင်ခံစာတင်သွင်းရာ၌ သက်ရောက်မှုရှိစေရန် ထုတ်ဖော်ပြောဆိုမှုအချို့ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။Keep reading ...
ဗြိတိန် အစိုးရ က မြန်မာ့ သဘာဝ ဓါတ်ငွေ့ ကဏ္ဌ အား အဆင့် မြင့်တက်စေမည်
ဗြိတိန် အစိုးရ ၏ ထောက်ပံ့မူ့ အစီအစဉ် အရ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္႑ ခေတ်မှီ ဖွ့ံဖြိုးတိုးတက်ပြီး အားကောင်းလာစေရန် ယခုလကုန် ပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ ဗြိတိန် သံရုံးနှင့် Aberdeen International Associates (AIA) တို့ ပူးတွဲပြုလုပ်သည့် သတင်းထုတ်ပြန် ချက်အရ သိရသည်။ Keep reading (English) ...
မြန်မာ့ ရေနံ၊ ဓါတ်ငွေ့ နှင့် စွမ်းအင် ဆိုင်ရာ လေးကြိမ်မြောက် ထိပ်သီး အစည်းအဝေး ရန်ကုန်မြို့တွင် ကျင်းပမည်
မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာနက တရားဝင် အိမ်ရှင် အဖြစ် ပြုလုပ်မည့် Centre for Management Technology (CMT) ၏ မြန်မာ့ ရေနံ၊ ဓါတ်ငွေ့နှင့် စွမ်းအင် လေးကြိမ်မြောက် ထိပ်သီး အစည်းအေ၀း အား Melia Yangon တွင် နို၀င်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ကြောင်း လတ်တလော ထုတ်ပြန်ချက်များအရ သိရသည်။Keep reading (English) ...
မိုးလေဝသပညာရှင်က အလွန်ကြီးမားသော မြစ်ဆုံဆည်ကြီးအစား သေးငယ်သောဆည်ငယ်ကလေးများဖြင့် ပြောင်းလဲရန် အကြံပြု
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်သူက မြစ်စုံရေအားလျှပ်စစ်စီမံကိန်း၏ အဖြေရှာရန်ခက်ခဲနေဆဲ ပြဿနာအား ဖြေရှင်းနိုင်ရန် နည်းလမ်းသစ်တစ်ခုကို အဆိုပြုလိုက်သည်။ အဖျက်စွမ်းအားကြီးပြီး လူထုက ဝေဖန်မှုမြင့်တက်နေသော မဟာဆည်ကြီးတစ်ခု တည်ဆောက်မည့်အစား သေးငယ်သော ရေအားလျှပ်စစ်စီမံကိန်း ၄ ခု ပြောင်းလဲ ဆောင်ရွက်သင့်ကြောင်း ယင်း၏ Facebook စာမျက်နှာတွင် မနေ့ညက ရေးသားခဲ့ခြင်းဖြစ်သည်။Keep reading ...