မြေအောက်သယံဇာတ ထုတ်ယူရေးလုပ်ငန်းများ
ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များ
မြန်မာနိုင်င ံတွင် စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ရန် နိုင်ငံခြားကုမ္ပဏီများ စုံစမ်း
မြန်မာနိုင်င ံ စက်သုံးဆီလုပ်ငန်း ကဏ္ဍတွင် အရောင်းဆိုင်ဖွင့်လှစ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လာရောက် စုံစမ်းမှုများ ရှိနေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။“လောလောဆယ်တော့ စက်သုံးဆီနဲ့ ပတ်သက်ပြီး အဆိုပြုလွှာ တင်ထားတာတော့မရှိသေးဘူး။ တချို့လည်း ပြင်ဆင်နေတာ လေးတွေတော့ ရှိတယ်။ မကြာခင်တော့ တင်လာမယ်ထင်တယ်။ တရားဝင် တင်လာတာတော့ မရှိသေးဘူး။ လာရောက်လေ့လာသူတွေတော့ ရှိတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။Keep reading ...
ရေနံ တင်သွင်းခွင့် လိုင်စင် တရုတ် စောင့်ဆိုင်းလျှက်ရှိ
တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သော ကျောက်ဖြူကနေ ကူမင်းအထိ သွယ်တန်းထားသော ပိုက်လိုင်းတစ်လျှောက် လိုအပ်သော ရေနံအတွက် ရေနံတင်သွင်းခွင့် လိုင်စင်ကို တရုတ်က နေစောင့်ဆိုင်းလျက်ရှိနေသည်။တရုတ်သည် အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများက နေရေနံစိမ်းများကို မလက်ကာ ရေလက်ကြားကို ဖြတ်ပြီးတရုတ်နိုင်ငံသို့ ရေလမ်းမှ တစ်ဆင့် သယ်ယူလျက်ရှိရာ ယခုကျောက်ဖြူပိုက်လိုင်း စီမံကိန်းကို အကောင်အထည်ဖော်ပြီးနောက်ပိုင်းတွင် ပိတ်လိုင်းကနေပြီး တရုတ်နိုင်ငံသို့ ရေနံများ တင်ပို့သွားမည်ဖြစ်ရာ ယခုမြန်မာအစိုးရ၏ ရေနံတင်ပို့ခွင့်လိုင်စင်ကို စောင့်ဆိုင်းလျက်ရှိနေသည်။Keep reading ...
ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍ တွင် ဗြိတိန်နှင့် မြန်မာ ကုမ္ပဏီများအကြား ဖက်စပ်လုပ်ကိုင်ရန် လိုလား
ဗြိတိန် ကုမ္ပဏီ တစ်ခုမှ အဏ္ဏဝါ စက်မှုလုပ်ငန်းနှင့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း ကဏ္ဍများသို့ ဝင်ရောက် လုပ်ကိုင်ရန် မြန်မာကုမ္ပဏီ နှင့် ဖက်စပ်လုပ်ကိုင်ရန် လက်မှတ် ရေးထိုး ခဲ့သည်။Keep reading (English) ...
PTTE နှင့် Total ကုမ္ပဏီ ပူးပေါင်းကာ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေခြင်း လုပ်ငန်းများ လုပ်ဆောင်မည်
ထိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီ PTTEP သည် Total E&P မြန်မာ နှင့် မြန်မာ နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေခြင်းကို အတူ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကုမ္ပဏီနှစ်ခုသည် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်M7-D တွင် အတူလုပ်ကိုင်ရန် ပြီးခဲ့သည့် အပတ်က သဘောတူခဲ့ကြောင်း PTTEP၏ အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌဖြစ်သူ Somporn Vongvuthipornchai ကပြောကြားသည်။ Keep reading ...
ကမ်းလွန်ရေနံလုပ်ကွက် သုံးခုမှ ရေနံ ထုတ်ယူရန် မြန်မာဆောင်ရွက်
ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သုံးခုမှ စီးပွားဖြစ် ထုတ်ယူအသုံးပြုနိုင်မည့် အခြေအနေကို လာမည့် ငါးနှစ်ဝန်းကျင်ခန့် အတွင်း ထုတ်ယူနိုင်ရန် ကြိုးစားဆောင်ရွက်လျက် ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မတ်လ၃ရက် နေ့၌ UMFCCI တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးရေးဖိုရမ်တွင်ပြောသည်။Keep reading ...
Natural gas export earned US$1.2billion
The export of natural gas as of 9th September in this fiscal year 2016-2017 fetched only US$1.2billion, a slump of US$770million when compared to the similar period of the last fiscal year, it is learnt from the Ministry of Commerce.The export value of natural gas ...