အခြေခံအဆောက်အအုံများ
ရခိုင်ပြည်နယ်ရှိ သူဌေးချောင်း လျှပ်စစ်ဓါတ်အားပေးဆည် ၅၀% ခန့် ပြီးစီး
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဘီလီယံ ကျပ် သုံးရာ ကျော် အကုန်အကျခံ ကာ တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းမှာ ယခုအခါ ရာခိုင်နှုန်း ထက်ဝက်နီးပါး ပြီးစီးကာ လာမည့်နှစ် အနည်းငယ်အတွင်း ရခိုင်ပြည်နယ် အပါအဝင် လျှပ်စစ်မီး အပြည့်အဝရရှိရန် လိုအပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။Keep reading ...
တစ်နိုင်ငံလုံးရှိ ကျေးရွာ ၅၀၀ အတွက် အစိုးရ၏ အရေးပေါ် ရေပေးဝေရေး အဆင်သင့် ဖြစ်
ယခုနှစ် နွေရာသီ ရေပြတ်လပ်မှုတွင် အသုံးပြုနိုင်ရန် အစိုးရမှ မြန်မာတစ်နိုင်ငံလုံးမှ ရွာပေါင်း ၅၀၀ အတွက် အရေးပေါ် ရေပေးဝေနိုင်ရန် အရန်ဖယ်ထားကြောင်း သိရသည်။Keep reading (English) ...
အင်တာနက် စတင် အသုံးပြုသူများ အနေဖြင့် အန္တရယ် ကြုံတွေ့နေရကြောင်း Cyber လုံခြုံရေး စစ်တမ်းမှ ဖော်ပြ
ယခုနှစ် သုံးလအတွင်း အာရှနိုင်ငံများထဲ Cyber တိုက်ခိုက်ခံရမှုတွင် မြန်မာနိုင်ငံသည် အဆင့်၂၂နေရာ တွင် ရှိနေ ကြောင်း Microsoft မှ ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရသိရသည်။“Data တွေနဲ့ ပတ်သက်ပြီး လုံခြုံမှုမှာ ဘယ်ကဏ္ဍမှာ မလုံခြုံတယ်ဆိုတာမရှိပါဘူး။ အခုဆိုရင် Cyber ကနေ ပုံစံအမျိုးမျိုးနဲ့ ခိုးယူခံနေရပါတယ်။ အစိုးရဒေတာတွေ ရော ပုဂ္ဂလိက ဒေတာတွေရော စနစ်တကျနဲ့ ကို ခိုးယူနေကြပါတယ်။ ဒါတွေကို တစ်ဖက်က နေ ခိုးယူပြီး အသုံးချနေကြတာတွေ အများကြီးရှိပါတယ်။ Cyber Crimes တွေကိုကြည့်မယ်ဆိုရင် အစိုးရပိုင်းကော ပုဂ္ဂလိကပိုင်းကော ပြစ်မှုတော်တော်များများက နောက်ယောင်ခံဖို့ ခက်ခဲကြပါတယ်။ ...
အစားအသောက် ဘေးအန္တရယ် ကင်းရှင်း ရေးအသိပညာပေး မြှင့်တင်ရန် FDA ပြုလုပ်သွားမည်
ဈေးကွက် အတွင်းရှိ အစားအသောက်၊ ဆေးဝါး နှင့် အလှကုန် ပစ္စည်းများ အပေါ် မသိမဖြစ် သတင်းအချက်အလက်များအား ကျေးလက်ဒေသနေ ပြည်သူများအတွက် တိုးချဲ့ အသိပညာပေးသွားမည် ဖြစ်ကြောင်း အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲမှု FDA မှ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။Keep reading ...
ဒေသခံ နည်းပညာ ကုမ္ပဏီမှ ဖိုက်ဘာ အခြေခံ အဆောက်အအုံ စီမံကိန်းအတွက် လုပ်ဖော်ကိုင်ဖက်များ ရှာဖွေ
အမေရိကန်ဒေါ်လာ ၅ဝမီလီယံ ရင်းနှီးမြှုပ်နှံမည့် ဖိုက်ဘာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရန် အတွက်မြန်မာ FPT နည်းပညာကုမ္ပဏီသည် ဒေသအတွင်း လုပ်ဖော်ကိုင်ဖက်များကို ရှာဖွေလျက် ရှိကြောင်း သိရသည်။မြန်မာFPT ကုမ္ပဏီကို ဗီယက်နမ် FPT ကော်ပိုရေးရှင်းကပိုင်ဆိုင်သည်။Keep reading ...
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း မှ တန်ဘိုးနည်း အိမ်ယာ စီမံကိန်းများ လုပ်ဆောင်သွားမည်
တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် တန်ဖိုးမျှတ အိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်သွားရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။တန်ဖိုးမျှတအိမ်ရာ ၊တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရမှ အခြားသော ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ကိုရရှိထားပြီး အခြားသော တိုင်းနှင့်ပြည်နယ် အသီးသီးတွင် သက်ဆိုင်ရာ အစိုးရဖြင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ တာဝန်ပေးရန် စီစဉ်ထားမှုကို လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။Keep reading ...
အခြားဒေသများသို့ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်ခြင်း များ မရှိစေရန် ဒေသခံ တစ်ဦးမှ ရခိုင်ပြည်နယ်၏ ပထမဆုံး အထည်ချုပ်စက်ရုံဖွင့်လှစ်
ရခိုင်ပြည်နယ်စစ်တွေတွင်ကျပ်သိန်းနှစ်ထောင်နီးပါးရင်းနှီးမြှုပ်နှံကာရခိုင်ပြည်နယ်၏ပထမဆုံးအထည်ချုပ်စက်ရုံကိုစတင်ဖွင့်လှစ်ထား ကြောင်းအဆိုပါစက်ရုံပိုင်ရှင် ဦးမင်းဇော်က ပြောကြားသည်။Keep reading ...
မြန်မာနိုင်ငံ၏ တန်ဘိုးနည်း အိမ်ယာ စီမံကိန်းများတွင် နည်းပညာဆိုင်ရာ ကူညီပေးရန် စင်ကာပူ နှင့် လက်မှတ်ရေးထိုး
ပြည်တွင်း၌ အိမ်ရာအဆောက်အအုံများ အကောင်အထည်ဖော်မည့် စီမံကိန်းများကို နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရန် အတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း နှင့် စင်ကာပူနိုင်ငံ SurbanJurong တို့နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။Keep reading ...
သီလဝါ ဇုံ ဘီ သို့ ချဲ့ထွင်
သီလဝါ အထူး စီးပွားရေးဇုန် အား အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကျော်ရင်းနှီးမြှပ်နှံမူ အပါအဝင် ဇုန် ဘီ သို့ ထပ်မံ ချဲ့ထွင်သွားမည် ဖြစ်ပြီး အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းအား ၂၀၁၈ ခုနှစ် နှစ်လယ် ပိုင်းတွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲ့မူ ဥက္ကဌ ဦးဆက်အောင် က မီဒီယာများသို့ ပြောသည်။Keep reading (English) ...
ကယားလွှတ်တော် ပြည်နယ် ဘတ်ဂျတ် များ စိစစ်
ကယားပြည်နယ် အစိုးရ မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ် ကျပ် ၅၁ ဘီလီယံ အဆိုပြုခဲ့ပြီး အဆိုပါ ဘတ်ဂျတ်များအား ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီး ကဏ္ဍအားလုံး အပေါ် အညီအမျှ သုံးစွဲသွားမည် ဖြစ်ကြောင်း ကယားပြည်နယ် လွှတ်တော် နာယက ဦးလှထွေး မှ ပြောကြားသည်။Keep reading (English) ...