ကပ်ရောဂါ
ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ရောဂါ နှင့် ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ
နိဒါန်း မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေပါသည်။1 အချို့က ဤရွေးကောက်ပွဲကို မြန်မာနိုင်ငံ၏ တတိယအကြိမ်မြောက် ပါတီစုံရွေးကောက်ပွဲအဖြစ် သတ်မှတ်ကြသော်လည်း2 ပြည်ပ လေ့လာအကဲခတ်သူများကမူ ဒုတိယအကြိမ်မြောက်ပါတီစုံရွေးကောက်ပွဲအဖြစ် ရှုမြင်ထားကြပါသည်။3 လက်ရှိလွှတ်တော်၏ သက်တမ်းသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၉၃ ခု ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်၍ ၎င်းပါတီများအနက် ၄၇ ခုကို တိုင်းရင်းသား လူမျိုးစုများက ဦးဆောင်နေကြပါသည်။4 နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဆိုင်ရာဥပဒေအရ (၃၀.၉.၂၀၁၄ ရက်နေ့အထိ ပြင်ဆင်ထားသည့်အတိုင်း ပုံနှိပ်ထုတ်ဝေခြင်း)5 ...