အမေးများသည့် မေးခွန်းများ
သင်စိတ်ဝင်စားသော၊ ကျွမ်းကျင်သော အကြောင်းအရာနှင့် ပတ်သတ်သည့် data များကို ဤကဲ့သို့သော မဲခေါင်ဒေသဆိုင်ရာ သတင်းအချက်အလက်စနစ်တစ်ခုသို့ မျှဝေခြင်းဖြင့် အရေးကြီးသောအကြောင်းအရာများကို အချက်အလက်အသုံးပြုဆွေးနွေးရာတွင် အလွန်အထောက်အကူဖြစ်စေပါသည်။
ဤ platform သို့ မျှဝေသော data အားလုံးကို ကျွနု်ပ်တို့၏ data အယ်ဒီတာများက သင့်လျော်မှုရှိ/မရှိ၊ Open Data စံနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးသွားမည်။ ကိုက်ညီမှုရှိသော data များကို platform ပေါ်သို့တင်ကာ မည်သူမဆို လက်လှမ်းမီအောင် ပြုလုပ်မည်ဖြစ်သည်။ အကယ်၍ dataset များကို ပေါင်းစပ်၍ဖြစ်စေ၊ အခြားပုံစံများဖြင့်ဖြစ်စေ အသုံးပြုနိုင်သည့် အခွင့်အလမ်းများ ရှိလာပါက dataset ၏ လိုင်စင်သတ်မှတ်ချက်များအတွင်းမှသာ ပြုလုပ်သွားမည်။ အကယ်၍ မူပိုင်ခွင့်နှင့်ပတ်သတ်သည့် ကိစ္စရပ်များရှိနေပါက မူရင်းမျှဝေသူနှင့် တိုင်ပင်မည်ဖြစ်သည်။
ကျွနု်ပ်တို့၏ ရည်ရွယ်ချက်မှာ ဤ platform ပေါ်တွင်တင်ထားသော အချက်အလက်အားလုံးသည် open ဖြစ်ပြီး လူတိုင်းလက်လှမ်းမီရန်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် Open Data စံနှုန်းများကို တိကျစွာလိုက်နာပြီး တာဝန်ယူမှုရှိသော data ပေါ်လစီများကို လိုက်နာပါသည်။ ထိုကဲ့သို့ဖြစ်ရန် ကျွန်ုပ်တို့၏ data အယ်ဒီတာများက စောင့်ကြည့်နေမည်ဖြစ်သည်။ အကယ်၍ dataset တစ်ခုခုက ၄င်းစံနှုန်းများနှင့် ကိုက်ညီမှုမရှိပါက data မျှဝေသူကို ြ ပင်ဆင်ပြောင်းလဲ၍ ရ/မရ ဆုံးဖြတ်နိုင်စေရန် ပြန်လည်ဆက်သွယ်သွားမည်ဖြစ်သည်။
ကျွနု်ပ်တို့အနေဖြင့် metadata စံနှုန်းများကို ပိုမိုကောင်းမွန်လာစေခြင်းဖြင့် ရှာဖွေရပိုမိုလွယ်ကူလာစေရန်နှင့် ဖလှယ်အသုံးပြုနိုင်စွမ်းများရှိလာရန် ကြိုးစားလျက်ရှိပါသည်။ အဆိုပါစံနှုန်းများ ပိုမိုတိုးတက်လာစေရန် အကြံပြုချက်အားလုံးကို ကျွနု်ပ်တို့အနေဖြင့် လက်ခံသွားမည်ဖြစ်ပါသည်။ feedback form မှတဆင့် သို့မဟုတ် data@opendevelopmentmekong.net ကိုတိုက်ရိုက်ဆက်သွယ်ခြင်းအားဖြင့် အကြံဉာဏ်များ ပေးပို့နိုင်ပါသည်။
ကိုယ်ရေးအချက်အလက်အားလုံးကို လျှို့ဝှက်ထားမည်ဖြစ်ပြီး data မျှဝေသူက ခွင့်ပြုမှသာ အခြားသူများကို သိစေမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ Open Data ပေါ်လစီအရ data ပိုင်ဆိုင်မှုနှင့် attribution တို့သည် ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်။ ထို့ကြောင့် သင်မျှဝေလိုက်သော dataset တစ်ခုခြင်းစီ၏ ရင်းမြစ်များကို ပေးရန်လိုအပ်သည်။ သို့ရာတွင် မျှဝေသူမှာ မည်သူဖြစ်သည်ကို ဖော်ပြစရာမလိုသည့်အတွက် လျှို့ဝှက်ထားရာရောက်သည်။ သို့ရာတွင် ရင်းမြစ်များကို လုံးဝမပြောလိုခြင်း သို့မဟုတ် dataset များကို open source မလုပ်နိုင်ခြင်း တို့ရှိပါက ကျွန်ုပ်တို့၏ Open Data စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် အဆိုပါ data များကို portal ပေါ်သို့တင်ပေးရန် မဖြစ်နိုင်ပါ။
လက်ရှိအချိန်တွင် ကျွနု်ပ်တို့၏ database သည် dataset များ၊ ဥပဒေများ၊ သဘောတူညီချက်များ၊ library resources များ အစရှိသည့် အရင်းအမြစ် အမျိုးအစား (၄) ခုကို လက်ခံနိုင်ပါသည်။ ၄င်းအမျိုးအစား တစ်ခုချင်းစီအတွက် လက်ရှိ data စံနှုန်းများကို အသုံးပြုကာ dataset အကြောင်းပြည့်စုံစွာဖော်ပြပေးနိုင်သည့် သီးသန့် metadata fields များထည့်သွင်းပေးထားပါသည်။ data မျှဝေသူများအား စတင်မိ်တ်ဆက်သည့် အချိန်တွင် အဆိုပါ data အမျိုးအစားများ အကြောင်းနှင့် မည်သည့်အမျိုးအစားများကို တင်၍ရသည်/မရ ဆိုသည်ကို ရှင်းပြပေးသွားပါမည်။ ကျွန်ုပ်တို့တွင် dataset များကို မျှဝေသည့်အခါတွင် ကိုက်ညီမှုနှင့် အခြားစံနှုန်းများကို ရှင်းလင်းလမ်းညွှန်ထားသည့် wiki စာမျက်နှာလည်းရှိပါသည်။
ဘာကြောင့် Dataမျှဝေသူတစ်ယောက် ဖြစ်သင့်ပါသလဲ
- ကျွန်ုပ်တို့၏ သတင်းအချက်အလက်စနစ်နျင့် ချိတ်ဆက်ကာ မဲခေါင်ဒေသနှင့် ဤဒေသတွင်မှီတင်းနေထိုင်သူများ နှင့်ပတ်သတ်သည့် အရေးကြီးသည့်အကြောင်းအရာများအတွက် data များကို မျှဝေပါ။
- သင်မျှဝေလိုက်သည့် data များသည် ရင်းမြစ်မျိုးစုံ၊ ပုံစံမျိုးစံဖြင့် စုစည်းတင်ဆက်ထားသည့် အချိန်နှင့်အမျှတိုးတက်နေသော platform ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာပါမည်။
- Data မျှဝေသူတစ်ဦးအနေဖြင့် နိုင်ငံအတွက်သာမက မဲခေါင်ဒေသနှင့် သက်ဆိုင်သည့် ဖွံ့ဖြိုးရေးအလားအလာများကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးသူတစ်ဦးအဖြစ် ပါဝင်နိုင်မည်ဖြစ်သည်။
- ေရရှည်တည်တံ့ခိုင်မြဲသော မဲခေါင်မြစ်ဝှမ်းဒေသ ဖြစ်လာစေရန် အလွန်အရေးကြီးနေသည့် အကြောင်းအရာများကို ဆွေးနွေးရာတွင် အထောက်အကူဖြစ်စေရန် သင့်ထံတွင်ရှိနေသည့် data များကို မျှဝေနိုင်မည်ဖြစ်သည်။