သတင်းများ

လက်ပံတောင်း ဆန္ဒပြ လယ်သမားများ တရားစွဲဆိုခံရ

မြန်မာ အာဏာပိုင်များမှ လယ်သမား အယောက် ၅၀ အား စစ်ကိုင်းတိုင်းအတွင်း ရှိ အငြင်းပွားမှု ဖြစ်ပွားလျှက်ရှိသည့် လက်ပံတောင်း ကြေးနီ သတ္တုတွင်း တွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ တရားမဝင် စုရုံးမှု၊ တရားမဝင် ဆန္ဒပြမှု နှင့် အစိုးရပိုင် ပစ္စည်းများ ပျက်စီးပြီး လမ်းများ ပိတ်ဆို့မူ့များအတွက် တရားစွဲဆိုထားကြောင်း မတ်လ ၂၇ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော RFA သတင်းပါ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရသိရသည်။Keep reading ...

သင်္ကြန် အားလပ်ရက် (၁၀) ရက် ဖြစ်ရေး အလုပ်သမားများ အလိုရှိ

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ကိုယ်စားပြု အလုပ်သမား ၅၀၀၀ ကျော်မှာ သင်္ကြန်ရေသဘင် ပွဲတော် ကာလတွင် အားလပ်ရက် (၁၀) ရရှိရန် ရန်ကုန်မြို့လည်သို့ ယမန်နေ့က ချီတက် တောင်းဆိုဆန္ဒပြ ခဲ့ကြသည်။Keep reading (English) ...

မြန်မာနှင့် အရှေ့အလယ်ပိုင်း ဒေသ ကုန်သွယ်မှုမှာ ဇန်နဝါရီလမှ ပြီးခဲ့သည့် ၁၀ လ အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိခဲ့

မြန်မာနိုင်ငံနှင့် အရှေ့အလယ်ပိုင်း တိုင်းပြည်များ ၏ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမ ၁၀ လ တွင် အမေရိကန် ဒေါ်လာ ၃၃၃.၈၇၄ သန်း ရှိကြောင်း တနင်္ဂနွေ နေ့က အစိုးရ မီဒီယာများတွင် ဖော်ပြထားသည်။Keep reading ...

စီးပွားရေး ပေါ်လစီ သစ်များ၊ ဦးစားပေး လုပ်ဆောင်စရာများနှင့် ၂၀၁၇-၁၈ ဘဏ္ဍရေး နှစ်ဦး

မြန်မာနိုင်ငံအတွက် ဥပဒေ သစ်များနှင့် စီးပွားရေး မူဝါဒများအား စတင်မည့် ဘဏ္ဍာရေး နှစ်သစ် သည် လာမည့် ဧပြီ (၁) တွင် စတင်မည် ဖြစ်သည်။ မကြာ မီက ပြဌာန်းခဲ့သည့် မြန်မာရင်းနှီးမြှပ်နှံမှု ဥပဒေသစ် သည် ဧပြီလ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ပြီး အဆိုပါဥပဒေ ၏ အကောင်အထည် ဖော်မှုနှင့် အတည်ပြုချက်များသည် နိုင်ငံ၏ စီးပွားရေး နှင့် ရင်းနှီးမြှပ်နှံ သူတို့ အတွက် အပြောင်းအလဲများ ဖြစ်လာမည် ဖြစ်သည်။Keep reading (English)  ...

စစ်ကိုင်းသစ်တောတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး စခန်း တည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရမှ ကန့်ဗလူ မြို့နယ်တွင်းရှိ လင်းနို့ဂူ သစ်တောတွင် သစ်တော အတွင်းရှိ သစ်ပင်ပန်းမန်များနှင့် တောရိုင်းတိရစ္ဆာန် များအား ထိန်းသိမ်း စောင့်ရှောက်ရန် နှင့် လူအများကြား အထူးသဖြင့် မျိုးဆက်သစ် လူငယ်များ ကြားတွင် သဘာဝ ပတ်ဝန်းကျင်အား တန်ဘိုး ထားတတ်စေရန် ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနှင့် ပညာပေး စခန်း တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။Keep reading (English) ...

ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍ တွင် ဗြိတိန်နှင့် မြန်မာ ကုမ္ပဏီများအကြား ဖက်စပ်လုပ်ကိုင်ရန် လိုလား

ဗြိတိန် ကုမ္ပဏီ တစ်ခုမှ အဏ္ဏဝါ စက်မှုလုပ်ငန်းနှင့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း ကဏ္ဍများသို့ ဝင်ရောက် လုပ်ကိုင်ရန် မြန်မာကုမ္ပဏီ နှင့် ဖက်စပ်လုပ်ကိုင်ရန် လက်မှတ် ရေးထိုး ခဲ့သည်။Keep reading (English) ...

ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း မှ တန်ဘိုးနည်း အိမ်ယာ စီမံကိန်းများ လုပ်ဆောင်သွားမည်

တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် တန်ဖိုးမျှတ အိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်သွားရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။တန်ဖိုးမျှတအိမ်ရာ ၊တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရမှ အခြားသော ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ကိုရရှိထားပြီး အခြားသော တိုင်းနှင့်ပြည်နယ် အသီးသီးတွင် သက်ဆိုင်ရာ အစိုးရဖြင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ တာဝန်ပေးရန် စီစဉ်ထားမှုကို လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။Keep reading ...

ရင်းနှီးမြှပ်နှံမှု ဥပဒေ အသစ်တွင် သတ္တု တူးဖော်သူများ အနေဖြင့် အခွန် ကင်းလွတ်ခွင့် ရရှိမည် မဟုတ်

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းကဏ္ဍတွင် သတ္တုတူးဖော်ခြင်း လုပ်ငန်းကို ထည့်သွင်းထားခြင်း မရှိသည့်အတွက် အဆိုပါ လုပ်ငန်းများရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါက ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့် အခြားသော သက်သာခွင့်များ ရရှိမည်မဟုတ်ကြောင်းသိရသည်။Keep reading ...

အမေရိကန်ဒေါ်လာငါးသန်း အောက် ရင်းနှီးမြှပ်နှံမှု များကို တိုင်းနှင့်ပြည်နယ် အဆင့်မှ ခွဲဝေပေးနိုင်ခွင့် အတည်ပြုချက်ရရှိ

အမေရိကန်ဒေါ်လာငါးသန်း(သို့) မြန်မာငွေသန်း၆ဝဝ၀  အောက်ရင်းနှီးမြှုပ်နှံမှုများကိုတိုင်းနှင့်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှခွင့်ပြုမိန့်ခွဲဝေပေးနိုင်ခြင်းအတည်ပြုချက်အမိန့်ကြော်ငြာစာကိုမတ်လ၈ရက်တွင်  MIC မှထုတ်ပြန်လိုက်သည်။Keep reading ...

မြန်မာ- ထိုင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၂၀၀ တိုးမြင့်

မြန်မာနှင့်ထိုင်း တို့၏ နှစ်နိုင်ငံကုန်သွယ်မှုသည် ပြီးခဲ့သော ဘဏ္ဍာရေးနှစ်ကာလတူနှိုင်းယှဉ်ချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မတ်လ၃ရက် အထိ အမေရိကန်ဒေါ်လာ ၂ဝဝမီလီယံ အထိတိုးမြှင့်ခဲ့ကြောင်း  သိရသည်။ Keep reading  ...

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

sDUwY
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!