သတင်းများ

စီးပွားရေး ပိတ်ဆို့မူ ပယ်ဖျက်လိုက်ခြင်းက သူ၏ ဂုဏ်သိက္ခာ ကို ပြန်လည် အဖတ်ဆယ် လိုက်ခြင်းဖြစ်သည်ဟု ယခင် အမည်ပျက် စာရင်းဝင် စီးပွားရေး လုပ်ငန်းရှင်ကြီးပြော

အမေရိကန်နိုင်ငံမှ သူ့အပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုများကို ပယ်ဖျက်ပေးလိုက်သည့်အတွက် နိုင်ငံခြား ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ခွင့်ရလာခြင်းသည် အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဖြစ်သည်ဟု မက်စ်မြန်မာ၏ ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားလိုက်သည်။Keep reading ...

ပုဂ္ဂလိက ကဏ္ဍ ကုန်သွယ်မှုပမာဏ မြင့်တက်လာရာ စုစုပေါင်း ကုန်သွယ်မှု ၂၅ဘီလီယံ ကျော် ရောက်ရှိ

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ကဏ္ဍ၏ ကုန်သွယ်မှုပမာဏများမှာ မြင့်တက်လာပြီး လက်ရှိတွင် ကုန်သွယ်မှု ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ဘီလီယံ ကျော်ရောက်ရှိနေပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က မတ်လ ၁၃ရက်တွင် UMFCCI တွင်ပြုလုပ်သည့် ဆန်စပါး ကဏ္ဍကုန်သွယ်မူ တိုးတက်ရေး သင်တန်းဆင်းပွဲ တွင် ပြောသည်။“အခုကုန်သွယ်မှုကအရင်နှစ်ထက်မြင့်တက်လာတယ်။အထူးသဖြင့်ပုဂ္ဂလိကကဏ္ဍပို့ကုန်၊သွင်းကုန်ပိုင်းမှာတက်လာတာ။အခုဆိုရင်ယခင်နှစ်ထက်အမေရိကန်ဒေါ်လာ၃ဒသမ၆ဘီလီယံနီးပါးတိုးတက်လာတယ်”ဟု၎င်းကပြောသည်။Keep reading ...

စီးပွားရေး ဇုန်အသစ်များ ချဲ့ထွင်ရန်စီစဉ်

လက်ရှိ စက်မှုဇုန်များ၏ အရည်အသွေးမှာ သာမာန်သာ ရှိပြီး အဆင့်မြှင့်တင်ရန် ခက်ခဲမည် ဖြစ်သဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အနေဖြင့် စီးပွားရေးဇုန် အသစ်များနှင့် အထူးစီးပွားရေးဇုန်များ ချဲ့ထွင်ရန် စီစဉ်လျှက်ရှိကြောင်း မတ်လ (၂၀) ရက်နေ့ ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။Keep reading (English) ...

ဒိန်းမတ်နိုင်ငံ၏ ကျွန်းသစ် ပိတ်ဆို့ အရေးယူမှုအား မြန်မာ့ သစ်လုပ်ငန်းမှ တုံ့ပြန်

ဒိန်းမတ် အာဏာပိုင်များက စကင်ဒီနေးဗီးယန်း နိုင်ငံသို့ မြန်မာ့ ကျွန်းသစ် တင်သွင်းနေသည့် ဒိန်းမတ် အော်ပရေတာ ခုနှစ်ခုလုံး အား တားမြစ်မိန့်များ ချမှတ်ခဲ့သည်။ မြန်မာ့ သစ်လုပ်ငန်း (MTE) မှ မြန်မာ့ သစ်လုပ်ငန်း တစ်ခုလုံး အပေါ် ချမှတ်ခဲ့သည့် အဆိုပါ ပိတ်ဆို့မှု အား ပြန်လည်တုံ့ပြန်သွားရန် စီစဉ်လျှက်ရှိကြောင်း လက်ထောက်အထွေထွေ မန်နေဂျာ (ထုတ်ယူမှု) ဦးခင်မောင်ကြည့် ထံမှ သိရသည်။Keep reading (English) ...

တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းများ အတွက် အလုပ်သမား များ စေလွှတ်မည်

မြန်မာနိုင်ငံအနေဖြင့် အလုပ်သမား လိုအပ်ချက် ရှိနေသည့် တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းများအတွက် အလုပ်သမား များ စေလွှတ်သွားရန် စီစဉ်လျှက် ရှိကြောင်း အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက်ရှိ ရွှေ့ပြောင်း နေထိုင်မှု ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမူး ဦးသိန်းဝင်း မှ ပြောသည်။Keep reading (English) ...

ပြည်တွင်း စီးပွားရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံ မှ ချေးငွေ ကျပ် ၁၅ ဘီလီယံ မြန်မာ ရရှိ

လာမည့်၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းရှိ အသေးစား နှင့် အလတ်စား စက်မှုလက်မူလုပ်ငန်း(SME)များကို ကျပ်၁၅ဘီလီယံ ထုတ်ချေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက UMFCCI   တွင်ပြုလုပ်သည့်  ဂျပန် မြန်မာ စီးပွားဆိုင်ရာ ဆွေးနွေးပွဲတွင်ပြောသည်။Keep reading ...

PTTE နှင့် Total ကုမ္ပဏီ ပူးပေါင်းကာ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေခြင်း လုပ်ငန်းများ လုပ်ဆောင်မည်

ထိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီ PTTEP သည်  Total E&P  မြန်မာ နှင့် မြန်မာ  နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေခြင်းကို အတူ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကုမ္ပဏီနှစ်ခုသည် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်M7-D  တွင် အတူလုပ်ကိုင်ရန် ပြီးခဲ့သည့် အပတ်က သဘောတူခဲ့ကြောင်း PTTEP၏ အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌဖြစ်သူ Somporn Vongvuthipornchai  ကပြောကြားသည်။ Keep reading ...

ကမ်းလွန်ရေနံလုပ်ကွက် သုံးခုမှ ရေနံ ထုတ်ယူရန် မြန်မာဆောင်ရွက်

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သုံးခုမှ စီးပွားဖြစ် ထုတ်ယူအသုံးပြုနိုင်မည့် အခြေအနေကို လာမည့် ငါးနှစ်ဝန်းကျင်ခန့် အတွင်း ထုတ်ယူနိုင်ရန် ကြိုးစားဆောင်ရွက်လျက် ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မတ်လ၃ရက် နေ့၌ UMFCCI တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း  လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးရေးဖိုရမ်တွင်ပြောသည်။Keep reading ...

ရွှေအချောထည်ပစ္စည်းများကို ရောင်းချရာတွင် အခွန် ၁ ရာခိုင်နှုန်း ပေးဆောင်ရမည်

ရွှေအချောထည်ပစ္စည်းများကို ရောင်းချရာတွင် ဝယ်ယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန် အဖြစ် တစ်ရာခိုင်နှုန်း ကောက်ခံပေးရမည်ဖြစ်ကြောင်း၂၀၁၇ပြည်ထောင်စုအခွန်ကောက်ဥပဒေကြမ်းတွင်ဖေဖော်ဝါရီလ၂၄ရက်တွင် ပြင် ဆင်ပြဌာန်းလိုက်သည်။ကနဦး ပြဋ္ဌာန်းထားသော ဥပဒေကြမ်းတွင် အဆိုပါ ရွှေအချောထည်ပစ္စည်းများကို သုံးရာခိုင်နှုန်း ကောက်ခံ ရမည်ဟု ပြဋ္ဌာန်းထားရာမှ ရွှေလုပ်ငန်းရှင်များ အသင်းမှ အရောင်းအဝယ် လျော့နည်းလာနိုင်သောကြောင့် တစ်ရာခိုင်နှုန်းအား ကောက်ခံရန် ပြန်လည်တင်ပြပြီးနောက် ယခုကဲ့သို့ ပြင်ဆင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။Keep reading  ...

ဘေးအန္တရယ် ကင်းရှင်းရေး ရန်ပုံငွေ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်

Vision Zero Fund   Project  အား မြန်မာနိုင်ငံမှ ပထမဆုံး လက်ခံရရှိကြောင်းကို ဖေဖော်ဝါရီ ၁၅ရက်နေ့ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ ဆုံရာG-20 အစည်းအဝေး၌ ကြော်ငြာခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ထုတ်ပြန်ချက် အရ  သိရသည်။Keep reading  ...

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

3yVmm
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!