Myanmar Times
ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ၁၉ နေရာတွင် ၉ နေရာ ရရှိ
အာဏရ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ဧပြီ (၁) က ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ၁၉ နေရာ အနက် ၉ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။Keep reading ...
ကမ္ဘာလှည့် ခရီးသည် များပြားလာခြင်းက ပုဂံဒေသတွင် ဘဏ္ဍာငွေ ပိုမို ရရှိရန် ဦးဆောင်
ပုဂံသို့ ဝင်ရောက်သည့် ကမ္ဘာ့လှည့် ခရီးသွား အရေးအတွက် သည် နှစ်အလိုက် နှိုင်းယှဉ်ချက် အရ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၅၃၀၀ ဦး ပိုမို ဝင်ရောက်ခဲ့ပြီး နှစ်နှစ် စလုံးတွင် ဝင်ကြေး စုစုပေါင်း ကျပ် ၁၃၄ ဘီလီယံ ရရှိခဲ့ကြောင်း မြန်မာ့ ခရီးသွားလာရေး လုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှုး ဦးကြည်သိန်းကို မှ ပြောသည်။Keep reading (English) ...
မဲဆန္ဒရှင်များ ကိုယ်စားလှယ်လောင်းများနှင့် ပတ်သတ်သည့် အချက်အလက် ရရှိမှု မရှိကြောင်း EEOP စစ်တမ်း ပြော
မဲဆန္ဒရှင် ထက်ဝက်ကျော်မှာ ဧပြီ (၁) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အစီအစဉ်နှင့် မူဝါဒများကို သိရှိမှု မရှိကြောင်း ဝန်ခံခဲ့သည် ဟု ရွေးကောက်ပွဲ ပညာပေးရေးနှင့် လေ့လာရေး မိတ်ဖက် အဖက်အဖွဲ့အစည်း မှ ပြုလုပ်သော ရွေးကောက်ပွဲအကြို မဲဆန္ဒရှင်များ အမြင်စစ်တမ်း အရ သိရသည်။Keep reading (English) ...
မဲပေးသည့် နေ့တွင် စက်ရုံများ ပိတ်ပေးရန် ပြော
လှိုင်သာယာရှိ စက်ရုံများက ကြားဖြတ်ရွေးကောက်ပွဲ တွင် အလုပ်သမားများ သူတို့ မြို့နယ်တွင် မဲထည့်ရန် မဲပေးသည့် နေ့တွင် စက်ရုံများကို ပိတ်ထားရန် ပြောကြားသည်။Keep reading (English) ...
ဆည် တည်ဆောက်ရေး စီမံကိန်းများ ရပ်တန့်ရန် တောင်းဆို
ရွာသူရွာသား ၄၀၀ ခန့်မှ ယင်းတို့၏ နေအိမ်များနှင့် မြေယာများ ရေနစ်မြှပ်သွားစေမည့် ဆည် တည်ဆောက်ရေး အား ဆန္ဒပြရန် ပြီးခဲ့သည့် အပတ် က ရှမ်းပြည်နယ်၊ သီပေါမြို့နယ် ရှိ နမ္မတူ မြစ်ကမ်းများပေါ်တွင် စုရုံးခဲ့ကြသည်။Keep reading (English) ...
စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ မြန်မာတွင် ဖွင့်လှစ်
လျှပ်စစ်မီး ထုတ်လုပ်ရန် စပါးခွံကို သုံးပြုထားသည့် ဇီဝလောင်စာ ဓါတ်ငွေ့သုံး လျှစ်စစ် ဓါတ်အားပေး စက်ရုံအား မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး အများပိုင် ကော်ပရေးရှင်း (MAPCO) က နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ ဦးချစ်ခိုင်မှ ပြောသည်။Keep reading (English) ...
သင်္ကြန် အားလပ်ရက် (၁၀) ရက် ဖြစ်ရေး အလုပ်သမားများ အလိုရှိ
မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ကိုယ်စားပြု အလုပ်သမား ၅၀၀၀ ကျော်မှာ သင်္ကြန်ရေသဘင် ပွဲတော် ကာလတွင် အားလပ်ရက် (၁၀) ရရှိရန် ရန်ကုန်မြို့လည်သို့ ယမန်နေ့က ချီတက် တောင်းဆိုဆန္ဒပြ ခဲ့ကြသည်။Keep reading (English) ...
စီးပွားရေး ပေါ်လစီ သစ်များ၊ ဦးစားပေး လုပ်ဆောင်စရာများနှင့် ၂၀၁၇-၁၈ ဘဏ္ဍရေး နှစ်ဦး
မြန်မာနိုင်ငံအတွက် ဥပဒေ သစ်များနှင့် စီးပွားရေး မူဝါဒများအား စတင်မည့် ဘဏ္ဍာရေး နှစ်သစ် သည် လာမည့် ဧပြီ (၁) တွင် စတင်မည် ဖြစ်သည်။ မကြာ မီက ပြဌာန်းခဲ့သည့် မြန်မာရင်းနှီးမြှပ်နှံမှု ဥပဒေသစ် သည် ဧပြီလ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ပြီး အဆိုပါဥပဒေ ၏ အကောင်အထည် ဖော်မှုနှင့် အတည်ပြုချက်များသည် နိုင်ငံ၏ စီးပွားရေး နှင့် ရင်းနှီးမြှပ်နှံ သူတို့ အတွက် အပြောင်းအလဲများ ဖြစ်လာမည် ဖြစ်သည်။Keep reading (English) ...
စစ်ကိုင်းသစ်တောတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး စခန်း တည်ဆောက်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရမှ ကန့်ဗလူ မြို့နယ်တွင်းရှိ လင်းနို့ဂူ သစ်တောတွင် သစ်တော အတွင်းရှိ သစ်ပင်ပန်းမန်များနှင့် တောရိုင်းတိရစ္ဆာန် များအား ထိန်းသိမ်း စောင့်ရှောက်ရန် နှင့် လူအများကြား အထူးသဖြင့် မျိုးဆက်သစ် လူငယ်များ ကြားတွင် သဘာဝ ပတ်ဝန်းကျင်အား တန်ဘိုး ထားတတ်စေရန် ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနှင့် ပညာပေး စခန်း တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။Keep reading (English) ...
ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍ တွင် ဗြိတိန်နှင့် မြန်မာ ကုမ္ပဏီများအကြား ဖက်စပ်လုပ်ကိုင်ရန် လိုလား
ဗြိတိန် ကုမ္ပဏီ တစ်ခုမှ အဏ္ဏဝါ စက်မှုလုပ်ငန်းနှင့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း ကဏ္ဍများသို့ ဝင်ရောက် လုပ်ကိုင်ရန် မြန်မာကုမ္ပဏီ နှင့် ဖက်စပ်လုပ်ကိုင်ရန် လက်မှတ် ရေးထိုး ခဲ့သည်။Keep reading (English) ...