Myanmar Times
ဂျပန် နိုင်ငံထုတ် စိုက်ပျိုးရေး စက်ပစ္စည်းများ အထူးစီးပွားရေးဇုံသို့ တင်သွင်းသွားမည်
သီလဝါ အထူးစီးပွားရေးဇုန် ရှိ စိုက်ပျိုးရေး စက်ပစ္စည်းများ ထုတ်လုပ်သူ ယန်မာ မြန်မာ ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင် စက်ပစ္စည်းများအား ထုတ်လုပ်ခြင်း ပြုလိမ့်မည် မဟုတ်သော်လည်း တင်သွင်း ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ၏ မန်နေဂျင်း ဒါရိုက်တာ Takesi Terada က မြန်မာတိုင်းမ် သို့ ပြောသည်။Keep reading (English) ...
အနိမ့်ဆုံး လုပ်ခလစာ ကော်မတီ ပြန်လည် ဖွဲ့စည်း
မြန်မာနိုင်ငံ အနေဖြင့် တိုင်းပြည်အတွင်း လုပ်အားလာစာ တိုးတက်လာစေရန် အမျိုးသား အနိမ့်ဆုံး လုပ်ခလစာ ကော်မတီအား ပြန်လည်ဖွဲ့စည်း ခဲ့သည်။ ပြီးခဲ့သည့် အပတ်အတွင်း ဖွဲ့စည်းခဲ့သည့် အဆိုပါ ကော်မတီတွင် ဘဏ္ဍာရေး ကျွမ်းကျင်သူများ၊ ဝန်ကြီးဌာနများနှင့် အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။Keep reading (English) ...
ကျွမ်းကျင်လုပ်သား ရှားပါးမူ ပြဿနာ ကြုံတွေ့နေရဆဲ ဖြစ်
မြန်မာနိုင်ငံ သည် နှီးမြှပ်နှံမူများ ပိုမိုဝင်ရောက်ရန် ဆွဲဆောင်မူများ ရှိသကဲ့သို့ တိုင်းပြည် အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်း၊ ခရီးသွား လုပ်ငန်း နှင့် ကုန်ထုတ်လုပ်မူ လုပ်ငန်း ကဏ္ဍများအတွက် ကျွမ်းကျင်လုပ်သား ရရှိရန် ရုန်းကန်နေရ သည်။Keep reading (English) ...
အခြေအတင် ဖြစ်ခဲ့သော ရန်ကုန်မြို့ တိုးချဲ့ရေး အစီအစဉ် ပြန်လည် စတင်
ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ကြည့်မြင့်တိုင် မြို့နယ်တွင် ရန်ကုန် မြို့သစ် စီမံကိန်း တစ်ခုစတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သော်လည်း ရန်ကုန်အနောက်တောင်ပိုင်း မြို့သစ် စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီများအား အစီအစဉ် သစ်နှစ် ပတ်သတ်ပြီး အကြောင်းကြားထားခြင်း မရှိကြောင်း သိရသည်။Keep reading (English) ...
ပို့ကုန်များအား သတ်မှတ်ထားသည့် ကုန်သွယ်မူ ပမာဏ သို့ ရောက်ရန် ဦးစားပေး ဆောင်ရွက်မည်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်းဇယားများအရ ယခုနှစ် ဘဏ္ဍာနှစ် ဇန်နဝါရီ လကုန်အထိ ကုန်သွယ်မူ ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ အထိရှိခဲ့ကြောင်း သိရသည်။ ဝန်ကြီး ဌာနမှ ကုန်သွယ်မူ ပမာဏအား အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ သတ်မှတ်ခဲ့ရာ လာမည့် နှစ်လ ကျော်အတွင်း သတ်မှတ်ထားသည့် ပမာဏ သို့ ရောက်ရှိရန် ဆက်လက် ကြိုးစား သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းရေးမူး ဦးခင်မောင်လွင် က ပြောသည်။Keep reading ...
ဧရာဝတီ မြစ်တစ်လျှောက် ကျက်စားနေသည့် ငှက်များ လျော့ကျမည့် အန္တရယ် ရှိနေ
ဧရာဝတီ မြစ်ကြောင်း တလျောက် ကချင်ပြည်နယ် မြစ်ကြီးနား နှင့် မန္တလေးတိုင်း ဆင်ဘို ဒေသအတွင်းရှိ ရေငှက် မျိုးစိတ် အမျိုးမျိုး၏ အကောင် အရေအတွက်မှာ ကျက်စားရာ နေရာ ဆုံးရှုံးမူများ၊ ရွှေကျင်ခြင်း များကြောင့် ပြီးခဲ့သည့် ၁၄ နှစ်အတွင်း အနည်းဆုံး ကောင်ရေ ထက်ဝက်ခန့် တဖြည်းဖြည်း လျော့ကျခဲ့ကြောင်း စစ်တမ်းတစ်ခု တွင် ဖော်ပြထားသည်။Keep reading (English) ...
ကယားလွှတ်တော် ပြည်နယ် ဘတ်ဂျတ် များ စိစစ်
ကယားပြည်နယ် အစိုးရ မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ် ကျပ် ၅၁ ဘီလီယံ အဆိုပြုခဲ့ပြီး အဆိုပါ ဘတ်ဂျတ်များအား ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီး ကဏ္ဍအားလုံး အပေါ် အညီအမျှ သုံးစွဲသွားမည် ဖြစ်ကြောင်း ကယားပြည်နယ် လွှတ်တော် နာယက ဦးလှထွေး မှ ပြောကြားသည်။Keep reading (English) ...
ရခိုင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင် မိခင် ထောင်ပေါင်းများစွာ မှာ ကျန်းမာရေး စောက်ရှောက်မူ့ မရရှိ
ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်း မြို့နယ်များဖြစ်သည့် မောင်းတော နှင့် ဘူးသီးတောင် ဒေသရှိ ကိုယ်ဝန်ဆောင် မိခင် ၇၆၀၀ ခန့်မှာ အကြမ်းဖက် ပဋိပက္ခ များဖြစ်ပွားသည့် အောက်တိုဘာလ အစောပိုင်းကတည်းက နှစ်လနီးပါး ကြာမျှ အခြေခံ ကျန်းမာရေး စောက်ရှောက် မူ့ များ ရရှိခြင်း မရှိကြောင်း သိရသည်။Keep reading (English) ...
မန္တလေး ငါးလုပ်ငန်း ဝယ်လိုအား ပြည့်မီရန် မစွမ်းဆောင်နိုင်
မန္တလေး ရှိ ငါးလုပ်ငန်းများမှာ ဝယ်လိုအား အရှိန်အဟုန်အား ပြည့်မီရန် စွမ်းဆောင်နိုင်ခြင်း မရှိရာ ရန်ကုန်မှ တစ်ရက်လျှင် ငါး ၄၈.၉ တန် ကျော် တင်ပို့နေရကြောင်း အချက်အလက် ကိန်းဂဏန်းများ အရ သိရသည်။Keep reading ...
ညွှန်ကြားချက်များ စောင့်ဆိုင်း နေရသဖြင့် ရေအားလျှပ်စစ်ပြန်လည် သုံးသပ်စိစစ်ရေးအဖွဲ့ ကြန့်ကြာနေ
ရေအားလျှပ်စစ် စီမံကိန်းများအား ပြန်လည်သုံးသပ် စစ်ဆေးသည့် အဖွဲ့မှ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက အဖွဲ့အနေဖြင့် တရုတ်ကျောထောက်နောက်ခံ မြစ်ဆုံရေကာတာ နှင့် ပတ်သတ်ပြီး အငြင်းပွားဖွယ် များအား ပယ်ဖျက်ရန် အကြံဉာဏ် ပေးထားသော ပထမဆုံး တင်သွင်းထားသည့် အစီရင် ခံစာ နှင့် ပတ်သတ်ပြီး သမ္မတ ဆီမှ ပြန်လည် အကြောင်းမကြားသေးကြောင်း ပြောကြားသည်။ Keep reading ...