Myanmar Business Today

သတ္တုတူးဖော်ရေး ကုမ္ပဏီမှ အသရေ ဖျက်မှု ဖြင့် ထိုင်းသတင်းထောက်အား တရားစွဲ

ထိုင်းကုမ္ပဏီ တစ်ခုဖြစ်သော  Myanmar Pongpipat Co.,Ltd က တူးဖော်နေသည့် ဟိန္ဒား သတ္တုတွင်း တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိနေသည်ဟု ရေးသားခဲ့သည့် ထိုင်းအခြေစိုက် The Nation သတင်းဌာန၏ သတင်းထောက် Pratch Rujivanarom ကို အဆိုပါ ကုမ္ပဏီက အသရေဖျက်မှုဖြင့် တရားစွဲဆိုလိုက်သည်။Keep reading  ...

မြန်မာနိုင်င ံတွင် စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ရန် နိုင်ငံခြားကုမ္ပဏီများ စုံစမ်း

မြန်မာနိုင်င ံ စက်သုံးဆီလုပ်ငန်း ကဏ္ဍတွင် အရောင်းဆိုင်ဖွင့်လှစ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လာရောက် စုံစမ်းမှုများ ရှိနေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။“လောလောဆယ်တော့ စက်သုံးဆီနဲ့ ပတ်သက်ပြီး အဆိုပြုလွှာ တင်ထားတာတော့မရှိသေးဘူး။ တချို့လည်း ပြင်ဆင်နေတာ လေးတွေတော့ ရှိတယ်။ မကြာခင်တော့ တင်လာမယ်ထင်တယ်။ တရားဝင် တင်လာတာတော့ မရှိသေးဘူး။ လာရောက်လေ့လာသူတွေတော့ ရှိတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။Keep reading  ...

ငါးများအား လှည့်လည်ရောင်းချပေးရန် အစိုးရ စီစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူစားသုံးရန် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဈေးနှုန်းသက်သာသော ငါးများကို အအေးခန်းကားများဖြင့် လှည့်လည်ရောင်းချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း မေလ၉ရက်နေ့တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။Keep reading  ...

စက်ရုံလုပ်သားများ အတွက် စမတ်ဖုန်းဆော့ဝဲလ် မိတ်ဆက်

ဥရောပသမဂ္ဂနှင့် GIZ အဖွဲ့အစည်းတို့၏ ရန်ပုံငွေထောက်ပံ့ပေးမှုဖြင့် SMART Myanmar စီမံကိန်းမှ အကောင်အထည် ဖော်ဆောင်ရွက်သည့် စက်ရုံလုပ်သားများ အတွက်ရည်ရွယ်သော “Shwe Job” စမတ်ဖုန်းဆော့ဝဲလ် မိတ်ဆက်ပွဲ အခမ်းအနားကို မေလ (၁) ရက် May Day ကမ္ဘာ့အလုပ်သမားနေ့တွင်  ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ဆန်းဒေးကဖေး (၂) တွင်  သုံးပန်လှအဖွဲ့ဝင်အများပါဝင်၍ ပျော်ပွဲရွှင်ပွဲများနှင့်အတူကျင်းပပြုလုပ်ခဲ့ကြောင်း SMART Myanmar ၏ စီမံကိန်းမန်နေဂျာ မစုတေဇာလင်း ထံမှသိရသည်။Keep reading  ...

ရခိုင်ပြည်နယ်ရှိ သူဌေးချောင်း လျှပ်စစ်ဓါတ်အားပေးဆည် ၅၀% ခန့် ပြီးစီး

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဘီလီယံ ကျပ် သုံးရာ ကျော် အကုန်အကျခံ ကာ တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းမှာ ယခုအခါ ရာခိုင်နှုန်း ထက်ဝက်နီးပါး ပြီးစီးကာ လာမည့်နှစ် အနည်းငယ်အတွင်း ရခိုင်ပြည်နယ် အပါအဝင် လျှပ်စစ်မီး အပြည့်အဝရရှိရန် လိုအပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။Keep reading ...

ရခိုင်ပြည်နယ် မှ ပဲ တန် တစ်သောင်း အိန္ဒိယ သို့ တင်ပို့ရန် စီစဉ်

ရခိုင်ပြည်နယ်မှ ထွက်သော ပဲမျိုးစုံ မက်ထရစ် တန်ချိန် တစ်သောင်းကို ယခု ဘဏ္ဍာနှစ် အတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့သွားရန် ရှိကြောင်း သိရသည်။ ထိုပဲများကို ရန်ကုန်ဆိပ်ကမ်းမှ မဟုတ်ဘဲ စစ်တွေဆိပ်ကမ်းမှ တိုက်ရိုက် ပို့လိုကြောင်း ပြည်နယ်အစိုးရ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကပြောသည်။Keep reading ...

အာမခံ လုပ်ငန်း အမျိုးအစား အားလုံးလုပ်ကိုင်ခွင့် ပြုရန် အဆိုပြု

ပုဂ္ဂလိက အာမခံလုပ်ငန်းများ၏ အာမခံလုပ်ငန်း အမျိုးအစားအားလုံးကို လုပ်ကိုင်ခွင့်ပြုရန်အတွက် အစိုးရက မြန်မာ့ဘဏ္ဍာရေးအာဏာပိုင်များထံ အဆိုပြုခဲ့သည်။ အာမခံလုပ်ငန်း အမျိုးအစား ၄ဝကို လုပ်ကိုင်ခွင့်ပေးထားပြီး ဆက်လက်၍ လယ်သမား အာမခံနှင့် ပြည်ပရောက်အလုပ်သမားများ၏ အသက်အာမခံကို ထပ်ပေါင်းလုပ်ကိုင်နိုင်ရန် အစိုးရက ခွင့်ပြုပေးသွားရန်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကပြောသည်။Keep reading ...

ပြီးခဲ့သည့် နှစ်အတွင်း အလုပ်သမား ၁၅၀၀၀၀ ခန့် အလုပ်လုပ်ရန် နိုင်ငံခြားသို့ ထွက်ခွါ

အစိုးရအသစ်လက်ထက် တစ်နှစ်တာကာလအတွင်း ရွှေ့ပြောင်းလုပ်သား အရေအတွက် ၁၄၇ဝဝဝဦး ရှိခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။ ထိုအထဲတွင် ထိုင်းနိုင်ငံသို့ သွားသူ ၁၁၃ဝဝဝဦး ရှိပြီး မလေးရှားနိုင်ငံသို့ ၂၅ဝဝဝဦး ရှိခဲ့ကြောင်းသိရသည်။ အနည်းငယ်သော အရေအတွက်မှာ တောင်ကိုရီးယားနှင့် ဂျပန်သို့သွားခဲ့ကြပြီး စင်ကာပူ ကာတာ၊ လာအို၊ မကာအို သို့သွားသူ နည်းနေဆဲဖြစ်ကြောင်း စာရင်းကပြဆိုနေသည်။Keep reading  ...

ကမ္ဘာ့စီးပွားရေး နှေးကွေး

နိုင်ငံတကာ ငွေရေးရန်ပုံငွေအဖွဲ့ IMF ၏ အဆိုအရ ကမ္ဘာ့စီးပွားရေးမှာ နှေးကွေးနေပြီး နောက်နှစ်တွင် ၃.၆ ရာခိုင်နှုန်း အထိ ပိုမို တိုးတက်လာရန် မျှော်မှန်းထားသည်ဟု သိရသည်။ ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင် စီးပွားရေး ပညာရှင် အများစုက ယခုနှစ် အစောပိုင်းတွင် ဦးဆောင်နေကြသည်ဟု လည်းဆိုထားသည်။Keep reading   ...

မြန်မာနှင့် တောင်ကိုရီးယား ကုမ္ပဏီများမှ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မည်

မြန်မာနှင့် တောင်ကိုရီးယား နှစ်နိုင်ငံ အကြား နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရန်အတွက် နှစ်နိုင်ငံ သဘောတူ နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုး ခဲ့ကြောင်းသိရသည်။ ထိုနားလည်မှု စာချွန်လွှာကို မြန်မာစက်မှုဝန်ကြီးဌာနနှင့် တောင်ကိုရီးယား နိုင်ငံမှ the Korea Institute for Advancement of Technology (KIAT) တို့က ပြီးခဲ့သည့် ကြာသပတေးနေ့က နေပြည်တော် တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။Keep reading ...

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

xK3AN
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!