မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း (၃၀) ကြာ ကောက်ယူနိုင်ခြင်း မရှိခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် တွင် ကောက်ယူခဲ့သည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဖော်ပြချက်များအရ တိုင်းပြည်တွင် အမြဲတမ်းနေထိုင်သူ ၅၁.၄ သန်းကျော်ရှိရာ ထိုအထဲတွင် ကျား ၂၄.၈ သန်းကျော်နှင့် မ ၂၆.၆ သန်းကျော် ရှိကြောင်း သိရသည်။ 1
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဦးရေဆိုင်ရာ အခွင့်အလမ်းအများဆုံးရှိသည့် နိုင်ငံများမှာ ကျန်းမာရေးကောင်းမွန်ပြီး၊ အရည်သွေးရှိသည့် ပညာရေးကို သင်ယူထားကာ ကောင်းမွန်သည့် အလုပ်အကိုင်များရရှိထားပြီး မှီခိုသူအချိုးလည်းနည်းသည့် အလုပ်လုပ်သည့် အသက်အရွယ်ရှိသည့် လူဦးရေများရှိနေသည့် နိုင်ငံများဖြစ်သည်။ အိမ်ထောင်စုတစ်စုတွင် ကလေးအရေအတွက်နည်းလေလေ ကလေးတစ်ဦးချင်းစီကို ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်ပေးနိုင်လေဖြစ်သလို အမျိုးသမီးများအနေနှင့်လည်း လုပ်ငန်းခွင်ကိုဝင်ရောက်ရန် အခြေအနေပေးခြင်းကြောင့် အရွယ်ရလာလျှင်အသုံးပြုနိုင်ရန် စုဆောင်းမှုများ ပိုမိုပြုလုပ်လာနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့အခြေအနေက သက်ဆိုင်ရာနိုင်ငံအတွက်လည်း စီးပွားရေးဖွံ့ဖြိုးမှုများ ဆောင်ကျဉ်းပေးလာမည်ဖြစ်သည်။2 |
လူဦးရေ၏ ၇၁ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ၂၉ ရာခိုင်နှုန်းမှာ မြို့ပြတွင် နေထိုင််ကြောင်း သိရသည်။ လူဦးရေ နှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ဖွဲ့စည်း တည်ဆောက်မူ ကောင်းမွန်လျှက်ရှိကြောင်းသိရသည်။ အသက် ၁၄ နှစ် အတွင်းရှိ ကလေးငယ်ဦး ရေ ၂၅.၄ ရာခိုင်နှုန်း နှင့် အသက် ၆၅ နှစ်ကျော် အသက် အရွယ် ကြီးမြင့် သူဦးရေ ၆.၃ ရာခိုင်နှုန်း အသီးသီး ရှိနေချိန်တွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ အလုပ်လုပ်နိုင်သည့် လူဦးရေမှာ ၆၈.၃ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။ 3
တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ လူငယ်ဦးရေ အချိုးသည် မြင့်တက် လျက်ရှိပြီး လူငယ် ဦးရေ များပြားနေသည့် အတွက် မြန်မာနိုင်ငံသည် “လူဦးရေ ဆုလာဘ်” ကို ရရှိခံစားနေကြောင်း ၂၀၁၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကိန်းဂဏန်း များ က ဖေါ်ညွှန်းနေပါသည်။
လူဦးရေသိပ်သည်းဆ
မြန်မာနိုင်ငံ၏ လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီိတာတွင် (၇၆) ဦး နေထိုင်လျှက်ရှိပါသည်။ ကုလသမဂ္ဂ စာရင်းအင်း ဌာနခွဲ၏ အဆိုအရ မြန်မာနိုင်ငံ ၏ မြေဧရိယာ စုစု ပေါင်းမှာ စတုန်ရန်းမိုင် ၆၇၆ ၅၇၇ ရှိကြောင်း သိရသည်။ 4 တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံးတွင် လူဦးရေ တိုးပွားလာသောကြောင့် လူဦးရေ သိပ်သည်းဆမှာလည်း တစ်နိုင်ငံလုံး တွင် တိုးမြှင့်လာရာ အထူးသဖြင့် မြို့ပြဒေသများ တွင် သိပ်သည်းဆ ပိုမို များပြားလာသည်ကို တွေ့ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ မြို့တော် ဖြစ်သော ရန်ကုန် မြို့သည် လူဦးရေ သိပ်သည်းဆ အများဆုံး ဖြစ်သည်ကို တွေ့ရသည်။
လုပ်သားအင်အားပါဝင်မှုနှုန်း
အသက် ၁၅ နှစ်နှင့် အထက် ရှိ လုပ်သားအင်အား ပါဝင်မူ့နှုန်းမှာ ၆၇ ရာခိုင်နှုန်း ရှိပြီး လုပ်သား အင်အား အချိုးသည် အမျိုးသားများတွင် (၈၁.၇) ရာခိုင်နှုန်း ရှိပြီး အမျိုးသမီးများတွင် (၄၇.၁) ရာခိုင်နှုန်း သာရှိသဖြင့် အမျိုးသားများတွင် ပိုမို မြင့်မားကြောင်းတွေ့ရပါသည်။ 5
မှီခိုသူအချိုး
သန်းခေါင်စာရင်း ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ ပျမ်းမျှ မှီခိုသူ အချိုးသည် ၅၃ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ ရှိ ကလေး မှီခိုသူ အချိုးမှာ ၄၃.၇ ရာခိုင်နှုန်းနှင့် သက်ကြီးရွယ်အို မှီခိုသူ အချိုးမှာ ၈.၈ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံ တွင် စုစုပေါင်း မှီခိုသူ အချိုးနှင့် ကလေးမှီခိုသူ အချိုးမှာ ကျဆင်းလျှက်ရှိပြီး သက်ကြီးရွယ်အို မှီခိုသူ အချိုး နှင့် သက်ကြီးရွယ်အို ညွန််ကိန်းမှာ တိုးမြင့်လာသည်ကို တွေ့ရှိရပါသည်။ သက်ကြီးရွယ်အို ညွန်ကိန်း သည် ၁၉၇၃ ခုနှစ်တွင် (၈.၈) ရှိရာမှ ၁၉၈၃ ခုနှစ်တွင် (၁၀.၂) နှင့် ၂၀၁၄ ခုနှစ်တွင် (၂၀.၁) သို့ တိုးမြင့်လာကြောင်း တွေ့ရပါသည်။6
စုစုပေါင်းမွေးဖွားနှုန်းနှင့် သေဆုံးနှုန်း
၁၉၇၀ နှစ်များတွင် မြန်မာနိုင်ငံရှိ အမျိုးသမီး တစ်ဦး၏ စုစု ပေါင်း ကလေးမွေးနှုန်းမှာ ၆ ယောက် ဖြစ်ပြီး နောက်ဆုံးကောက်ယူသည့် သန်းခေါင်စာရင်း ဖော်ပြချက်အရ ၂၀၁၄ ခုနှစ်တွင် အမျိုးသမီးတစ်ဦး၏ ကလေးမွေးနှုန်းမှာ ၂.၃ ဖြစ်ကြောင်း သိရှိရသည်။ 7
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ ကလေး အယောက် တစ်ထောင် မွေးဖွားလျှင် ၆၂ ဦး မှာ တစ်နှစ်မပြည့်မီ သေဆုံးနေကြောင်း တွေ့ရှိရပါသည်။ အဆိုပါ နှုန်းထားအရ တစ်နှစ်အောက် ကလေးငယ် သေနှုန်းသည် မြို့ပြထက် ကျေးလက်ဒေသတွင် ပိုမို များပြားတွေ့ရှိရပါသည်။ မြန််မာနိုင်ငံ၏ စုစုပေါင်း မျှော်မှန်းသက်တမ်းမှာ ၆၆.၈ နှစ် ဖြစ်သည်။8
စာတတ်မြောက်သူဦးရေ
သန်းခေါင်စာရင်းတွင် ဖော်ပြထားချက်အရ အသက် မြန်မာနိုင်ငံရှိ ၁၅ နှစ်နှင့် အထက် လူဦးရေ ၃၉.၉ သန်းမှာ စာရေးနိုင် ဖတ်နိုင်ပြီး စာမတတ်မြောက်သူ ဦးရေမှာ ၃.၅၅ သန်း ရှိကြောင်းတွေ့ရှိရသည်။ အသက် ၁၅ နှစ်နှင့် အထက် စာတတ်မြောက်သူ ရာခိုင်နှုန်းမှာ ၈၉.၅ ရာခိုင်နှုန်း ဖြစ်ပြီး အမျိုးသားများသည် ၉၂.၆ ရာခိုင်နှုန်း ရှိရာ အမျိုးသမီးများ (၈၆.၉ ရာခိုင်နှုန်း) ထက် စာတတ်မြောက်မူ့ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း တွေ့ရှိရပါသည်။9
References
- 1. The 2014 Myanmar Population and Housing Census Report Volume 2-B The Union Report: Occupation and Industry: https://pp.opendevelopmentmyanmar.net/dataset/?id=the-2014-myanmar-population-and-housing-census-census-report-volume-2-b-the-union-report-occupation
- 2. United Nations Population Fund (UNPFA) http://www.unfpa.org/demographic-dividend
- 3. The 2014 Myanmar Population and Housing Census Report Volume 2-B The Union Report: Occupation and Industry: https://pp.opendevelopmentmyanmar.net/dataset/?id=the-2014-myanmar-population-and-housing-census-census-report-volume-2-b-the-union-report-occupation
- 4. Myanmar’s first census in more than 30 years: A radical revision of the official population count http://www.ined.fr/fichier/s_rubrique/24592/population.societies.2015.527.census.birma.en.en.pdf
- 5. The 2014 Myanmar Population and Housing Census Report Volume 2-B The Union Report: Occupation and Industry: https://pp.opendevelopmentmyanmar.net/dataset/?id=the-2014-myanmar-population-and-housing-census-census-report-volume-2-b-the-union-report-occupation
- 6. The 2014 Myanmar Population and Housing Census Report Volume 2-B The Union Report: Occupation and Industry: https://pp.opendevelopmentmyanmar.net/dataset/?id=the-2014-myanmar-population-and-housing-census-census-report-volume-2-b-the-union-report-occupation
- 7. Myanmar’s first census in more than 30 years: A radical revision of the official population count http://www.ined.fr/fichier/s_rubrique/24592/population.societies.2015.527.census.birma.en.en.pdf
- 8. Myanmar’s first census in more than 30 years: A radical revision of the official population count http://www.ined.fr/fichier/s_rubrique/24592/population.societies.2015.527.census.birma.en.en.pdf
- 9. The 2014 Myanmar Population and Housing Census Report Volume 2-B The Union Report: Occupation and Industry: https://pp.opendevelopmentmyanmar.net/dataset/?id=the-2014-myanmar-population-and-housing-census-census-report-volume-2-b-the-union-report-occupation