မြန်မာနိုင်ငံ နယ်နမိတ် အတွင်း နှင့် နိုင်ငံ ပြင်ပတွင် တရားဝင် အလုပ်အခွင့်အလမ်းများ မရှိခြင်းသည် တရားမဝင်သည့် စီးပွားရေး လုပ်ငန်းများ ဖြစ်ပေါ်စေခြင်း သို့မဟုတ် တရားမဝင် အလုပ်သမားများကို ဖြစ်ပေါ်လာစေပါသည်။ ကျယ်ပြန့်လာစေပါသည်။
လူကုန်ကူးမှု
မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးခြင်းက လူကုန်ကူးမူ့ ဖြစ်စဉ်ကို မြင့်တက်လာစေရန် ကူညီပေး ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် အဆိုပါ လူကုန်ကူးမှုသည် ကျေးလက်ဒေသများကိုသာ ပစ်မှတ်ထား နေသည် မဟုတ်တော့ပဲ တိုင်းပြည်၏ အဓိက မြို့ကြီး များဆီ အထိ ရောက်ရှိလာပြီဖြစ်သည်။ အစိုးရ ထိန်းချုပ်မူ့ အကန့်အသတ်ရှိသော နယ်စပ်ဒေသများရှိ အမျိုးသမီးများနှင့် ကလေးသူငယ် များစွာမှာ ထိုင်းနိုင်ငံ နှင့် တရုတ် နိုင်ငံတို့တွင် ပြည့်တန်ဆာ အလုပ် လုပ်ကိုင်ရန် တွန်းအားပေးခြင်း သို့မဟုတ် လှည့်စားခံနေရ ပါသည်။1
မြန်မာလူမျိုးများအနေဖြင့် တရုတ်၊ ဘင်္ဂလားဒေရ့ှ်၊ မလေးရှား၊ ကိုရီးယားနှင့် မကာအို နိုင်ငံများကဲ့သို့ သော အာဆီယံ နိုင်ငံများသို့ လူကုန်ကူး ခံရသည် ဆိုသော်လည်း မူလ ဦးတည်ရာမှာ ထိုင်းနိုင်ငံ ဖြစ်သည်။ ခန့်မှန်းခြေ အားဖြင့် ထိုင်းနိုင်ငံ တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ခြောက်သိန်းခန့် ရှိပြီး အများစုမှာ တရားမဝင် နေထိုင်သူများ ဖြစ်သည်။2
မြန်မာအများစု မှာ ထိုင်းငံရှိ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စက်ရုံအလုပ်ရုံ များ၊ အိမ်ဖော်လုပ်ငန်းနှင့် လိင်မူ့ လုပ်ငန်းများတွင် အလုပ်လုပ်ရန် လူကုန်ကူး ခံရခြင်း ဖြစ်သည်။ ဒေသခံ လူကုန်ကူးသူများသည် ယောကျာ်းလေးများ အား စုဆောင်းရန် နည်းဗျူဟာများ အသုံးပြုကာ လှည့်စားပြီး ဆီအုန်းနှင့် ရာဘာ စိုက်ခင်းများ သို့မဟုတ် ကျောက်စိမ်းနှင့် အဖိုးတန် ကျောက် သတ္တုတွင်းများ တွင် အတင်းအဓမ္မ စေခိုင်းရန် ပြုလုပ်ကြသည်။3
အမျိုးသမီးများနှင့် မိန်းကလေးငယ် များမှာ အဓိကအားဖြင့် လိင် လူကုန်ကူးရန်၊ အစေခံ ပြုလုပ်ရန် သို့မဟုတ် အထည်ချုပ် လုပ်ငန်း များတွင် အတင်းအဓမ္မ ခိုင်းစေရန် လူကုန်းကူးခြင်း ခံရခြင်း ဖြစ်သည်။ လူကုန်ကူးသည့် အဖွဲ့များသည် အဓိကအားဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ များတွင် အမျိုးသီးများနှင့် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ လုပ်ငန်းထဲသို့ ရောက်ရန် မြူဆွယ်ခြင်း သို့မဟုတ် အင်အားသုံး လေ့ရှိ ကြောင်း သိရသည်။ ကလေးငယ်များမှာ လိင်လူကုန်ကူးရန် သို့မဟုတ် လဖက်ရည် ဆိုင်၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး ကဏ္႑များတွင် အတင်းအဓမ္မ စေခိုင်းရန် နှင့် တောင်းရန်း ရန် အတွက် လူကုန်ကူး ခံနေရကြောင်း သိရသည်။ ကလေးငယ်များနှင့် အရွယ်ရောက်သူ များမှာ အိမ်တွင်း အစေခံများအဖြစ်လည်း လူကုန်ကူး ခံနေရကြောင်း သိရသည်။
ခေတ်သစ် ကျွန်စနစ်အပေါ် ကမ္ဘာလုံးဆိုင်ရာညွှန်းကိန်း တွင် ဖော်ပြချက်အရ လူ သန်း ၃၀ မှာ တစ်ကမ္ဘာလုံးတွင် ကျွန်ပြု ခံနေရပြီး မြန်မာနိုင်ငံတွင် လူပေါင်း ၃၈၄၀၀၀ ကျွန်ပြုခံနေရကြောင်း သိရသည်။7 ခေတ်သစ် ကျွန်စနစ် ဆိုသည်မှာ လူတစ်ယောက်ယောက်အား အသုံးပြုရန်၊ အမြတ်ထုတ်ရန်၊ လွှဲပြောင်းရန် သို့မဟုတ် စွန့်ပစ်ရန် ရန် အလို့ငှာ အကျိုးအမြတ် ရယူရန် ရည်ရွယ်ချက်ဖြင့် လူတစ်ဦး တစ်ယောက်က အခြား လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် လွတ်လပ်ခွင့် အား အလိုမတူပဲ ရယူပိုင်ဆိုင်ထားခြင်း သို့မဟုတ် ချုပ်ကိုင်ထားခြင်း ဖြစ်သည်။ 4
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုဆန့်ကျင်ရေး ဥပဒေအား ၂၀၀၅ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ တရားဝင် စာရင်းများအရ အစိုးရအနေဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဧပြီလ အထိ လူကုန်ကူးမှုပေါင်း ၁၁၆၈ ခု အားကိုင်တွယ်ခဲ့ပြီး လူကုန်ကူးခံရသူ သားကောင် ၂၀၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူ ၂၁၀၆ ယောက်အား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ 5
ကလေး အလုပ်သမား
ကလေးလုပ်သားသည် မြန်မာနိုင်ငံ၏ ကြီးမားသည့် နောက်ထပ် ပြဿနာ တစ်ခု ဖြစ်ပြီး နိုင်ငံ တစ်ဝန်း ကျယ်ပြန့်စွာ ရှိနေပါသည်။ ကလေး အများအပြားသည် ပွဲစားများ၏ စုဆောင်းခြင်း ခံရပြီး လဖက်ရည်ဆိုင် သို့မဟုတ် စားသောက်ဆိုင် အမူ့ထမ်း အဖြစ် ၄င်း၊ လမ်းလျှောက်ဈေးသည် အဖြစ် ၄င်း၊ ပျံကျ လုပ်သားအဖြစ် ၄င်း၊ အမှိုက်ကောက် သို့မဟုတ် တောင်းရမ်း သူအဖြစ်၄င်း အစားအသောက် နှင့် ကုန်ထုတ်လုပ်မူ့ ကဏ္႑များ နှင့် ကျေးလက်ဒေသများရှိ လယ်ယာမြေများ ပေါ်တွင် အလုပ် လုပ်ကိုင်နေရလျှက် ရှိပါသည်။ 6
မြန်မာနိုင်ငံတွင် ကလေး ဦးရေ ၁၂.၁၄၆ သန်းကျော်ရှိပြီး အလုပ်လုပ်ကိုင်နေသူ ကလေး အရေ အတွက် ၁.၂၇၉ သန်း ရှိရာ စုစုပေါင်း ကလေး ဦးရေ၏ ၁၀.၅ ရာခိုင်နှုန််း ဖြစ်သည်။ ၂၀၁၄ ခုနှစ် မြန်မာအိမ်အကြောင်းအရာ နှင့် သန်းခေါင်စာရင်း ၌ အလုပ်လုပ်ကိုင်နေသူ ကလေးများ ဟု ဆိုရာတွင် အဆိုပါ ကလေးများသည် ပြီးခဲ့သည့် ၇ ရက် အတွင်း ကုန်စည်ထုတ်လုပ်မူ့ နှင့် ၀န်ဆောင်မူ့ လုပ်ငန်းများတွင် တစ်နာရီ (သို့မဟုတ်) ထို့ထက် ပိုသော၊ အချိန်ပြည့် (သို့မဟုတ်) အချိန်ပိုင်း လုပ်ကိုင်သော၊ လစာရရှိသော (သို့မဟုတ်) မရရှိသော ငှားရမ်း ခိုင်းစေ ခံခဲ့ရသူ များအား ဆိုလိုသည်။7
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) မှ ထုတ်ပြန်သော ကိန်းဂဏန်း များ အရ အန္တရယ် ရှိသော လုပ်ငန််းများ တွင် အလုပ်လုပ်နေသော ကလေး များ၏ ၄၀ ရာခိုင်နှုန်းမှာ ဖုန်မှုန့်များနှင့် အန္တရယ် ရှိသော အခိုး အငွေ့အသက် များရှိသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေရပြီး ၁၆.၅ ရာခိုင်နှုန်းမှာ အန္တရယ် ရှိသော ပစ္စည်း ကိရိယာ များ နှင့် အလုပ်လုပ်ကိုင်လျှက်ရှိသည်။ ကလေး ၁၁.၂ ရာခိုင်နှုန်းမှာလည်း အလွန်် အေးသော (သို့မဟုတ်) အလွန် ပူသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ရပြီး ၉.၈ ရာခိုင်နှုန််းမှာ ဓါတုဗေဒ ပစ္စည်းများ နှင့် ပတ်သတ်သည့် လုပ်ငန််းခွင် တွင် အလုပ် လုပ်နေရသည်။ ကလေးငယ် ၉ ရာခိုင်နှုန်းမှာ အခြားသော အန္တရယ် ရှိသည့် လုပ်ငန်းခွင်များ တွင် အလုပ်လုပ်နေရကြောင်း အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း အစီရင် ခံစာ တွင် ဖော်ပြထားသည်။8
မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေး ၇၇ ရာခိုင်နှုန်း ကျော်မှာ စာသင်ကျောင်းတွင် တက်ရောက်လျှက် ရှိသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) မှ ထုတ်ပြန်သော ကိန်းဂဏန်း များ အရ ကလေး လုပ်သား အများအပြားမှာ ပညာသင်ကြားခွင့် ပျောက်ဆုံးနေပြီး အလုပ်လုပ်ကိုင်နေသူ ကလေး ၀.၃ ရာခိုင်နှုန်းသာ ကျောင်း တက်ခွင့် ရလျှက် ရှိကြောင်း သိရသည်။9
စီးပွားဖြစ် လိင်လုပ်သား
ခန့်မှန်းခြေအား ဖြင့် မြန်မာနိုင်ငံတွင် လိင်အလုပ်သမား ၇၀၀၀၀ သောင်းခန့် ရှိပြီး ယင်းတို့ထဲမှ (၈)ရာခိုင်နှုန််းမှာ HIV ရောဂါပိုးကူးဆက် ခံထားရသူများ ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။10
ပြည့်တန်ဆာ အများစုမှာ မိန်းကလေးများ ဖြစ်ကြပြီး လိင်တူ ဆက်ဆံသူများ နှင့် လိင်ကွဲ အမျိုးသားများသည်လည်း လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မူ့ ပေးကြပါသည်။ လိင်နှင့် အသက်မွေးဝမ်းကျောင်းပြုသည့် ကလေးသူငယ်များတွင် မိန်းကလေး ငယ်များ ဆက်စပ် ပါဝင်နေပြီး ယောက်ျားလေး အရေအတွက် သည်လည်း တိုးလာလျှက် ရှိကြောင်း သိရသည်။
အဖြစ်အပျက် များစွာတွင် ပွဲစားများသည် မိန်းကလေးများအား ဝေးလံသည့် တခြားနိုင်ငံ မြို့များတွင် လစာ မြင့်မားသည့် အလုပ် ရရှိမည် ဟု ကတိပေး ဆွဲဆောင်ကြခြင်းဖြစ်သည်။ ပွဲစားများသည် များသောအားဖြင့် အလဲအလှယ် အနေဖြင့် မိန်းကလေးများ အလုပ်အကိုင် ရှာဖွေရာတွင် ခရီးစရိတ်၊ အစားအသောက်နှင့် နေထိုင်စရိတ်များ ကို ကျခံပေးထားပြီး အကူအညီ ပေးလေ့ရှိသည်။ တချို့သော ကိစ္စများတွင် ပွဲစားများသည် မိန်းကလေးများကို ပြည့်တန်ဆာ ဘဝသို့ ရောက်ရန် အမှန်တကယ် လုပ်ရမည့် အလုပ်အကြောင်း မည်သို့မျှ အသိမပေးပဲ လစာမြင့်မား သည့် အလုပ်ရရှိမည် ဟု ဆိုကာ လှည့်စားသည်များလည်း ရှိကြောင်း သိရသည်။11
မြန်မာနိုင်ငံတွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ လုပ်ငန်း အက်ဥပဒေ အရ အများပြည်သူအား မြူဆွယ်ခြင်း သို့မဟုတ် ဖျားယောင်းသွေးဆောင်ခြင်းသည် တရားမဝင်သော လုပ်ရပ် အဖြစ်သတ်မှတ်ထားရာ ကျူးလွန််သူမှာ တစ်နှစ်မှ သုံးနှစ်အထိ ထောင်ကျခြင်း ခံရမည် ဖြစ်သည်။ အဆိုပါ ဥပဒေအရ ပြစ်ဒဏ်သည် လိင်လုပ်သား တစ်ဦးတည်းကိုသာ ရည်ရွယ်ပြီး တစ်ဘက်မှ ဖောက်သည်များမှာ ပြစ်ဒဏ်ချမှတ်ခြင်း မခံရပေ။12
ပြည့်တန်ဆာ တိုက်ဖျက်ရေး ဥပဒေများ အပြင် မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူများကို ကွာကွယ် စောင့်ရှောက် သည့် ဥပဒေများ အထူးသဖြင့် ကလေး ပြည့်တန်ဆာ လုပ်ငန်းကို တိုက်ဖျက်သည့် ဥပေဒများ ရှိပါသည်။ မည်သို့ပင် ဖြစ်စေကာမူ အဆိုပါ ဥပဒေများသည် အသက် ၁၈ နှစ်အောက် မိန်းကလေးများစွာ အား ပြည့်တန်ဆာ ဖြစ်စေခြင်းမှ ကွာကွယ်နိုင်ခြင်း မရှိပေ။
References
- 1. World Vision : Traffick Report: Myanmar: https://www.worldvision.com.au/docs/default-source/publications/human-rights-and-trafficking/trafficking-report-myanmar.pdf?sfvrsn=4
- 2. U.S. Department of State; Diplomacy in Action : https://www.state.gov/j/tip/rls/tiprpt/countries/2016/258735.htm
- 3. U.S. Department of State; Diplomacy in Action : https://www.state.gov/j/tip/rls/tiprpt/countries/2016/258735.htm
- 4. WALK FREE; Modern Slavery Facts: https://www.walkfree.org/modern-slavery-facts/
- 5. Global Times News: http://www.globaltimes.cn/content/921225.shtml
- 6. The Myanmar Centre for Responsible Business http://www.myanmar-responsiblebusiness.org/pdf/SWIA/Oil-Gas/10-Labour.pdf
- 7. Myanmar labour force, child labour and school to work transition survey 2015 https://data.pp.opendevelopmentmekong.net/dataset?q=Myanmar+labour+force%2C+child+labour+and+school+to+work+transition+survey+2015&sort=score+desc%2C+metadata_modified+desc&ext_bbox=&ext_prev_extent=-154.68749999999997%2C-80.17871349622823%2C154.68749999999997%2C80.17871349622823
- 8. Myanmar labour force, child labour and school to work transition survey 2015 https://data.pp.opendevelopmentmekong.net/dataset?q=Myanmar+labour+force%2C+child+labour+and+school+to+work+transition+survey+2015&sort=score+desc%2C+metadata_modified+desc&ext_bbox=&ext_prev_extent=-154.68749999999997%2C-80.17871349622823%2C154.68749999999997%2C80.17871349622823
- 9. Myanmar labour force, child labour and school to work transition survey 2015 https://data.pp.opendevelopmentmekong.net/dataset?q=Myanmar+labour+force%2C+child+labour+and+school+to+work+transition+survey+2015&sort=score+desc%2C+metadata_modified+desc&ext_bbox=&ext_prev_extent=-154.68749999999997%2C-80.17871349622823%2C154.68749999999997%2C80.17871349622823
- 10. The Myanmar Times : http://www.mmtimes.com/index.php/lifestyle/21635-inside-the-world-of-male-sex-workers.html
- 11. Rehmonnya; The official website of Human Rights Foundation of Monland: http://rehmonnya.org/archives/1156
- 12. Rehmonnya; The official website of Human Rights Foundation of Monland: http://rehmonnya.org/archives/1156